Wednesday, June 22, 2016

22nd June 2016

ဖဘပေါ်တွင် ဓါတ်ပုံတင်ခြင်းသည်ရောဂါတစ်မျိုးဖြစ်သည် ပထမောတ့ကိုယ့်ကို ချစ်သောခင်သောသူများကို ကြိတ်ပြသော်လည်း ပြမနိုင်သောအခါ ကဲမထူးပါဘူးလေ ပြလိုက်ပါတော့မယ်ဆိုကာ ဖဘတွင် တင်လိုက်ရာ လူအားလုံးဝိုင်း like ကြသည် အားတက်သွားကာကိုယ့်ကိုယ်ကို လှသည်ထင်၏. လှမှာပေါ့ အလှဆုံးပုံများကိုသာ ရွေးချယ်တင်သည်ကို . ပုံတစ်ရာရိုက်လျင် တပုံတော့ကျန်တတ်သည်ပေါ့. အဓိကကကတော့ကိုယ့်ဘာသာ ကိုယ်ကြည့်မဝနေတာ ဖြစ်သည် သူများကြည့်ချင်ကြည့်မကြည့်ချင်နေ ကိုယ့်ဘာသာကို ကြည့်ကာ ပီတိဖြစ်သည် ကိုယ့်ကိုယ်ကို cerebreity သဘွယ်ခံစားရသည် လမ်းထွက်လျင်တော့ ကျီးကြည့်ကြောင်ကြည့်ဖြစ်သည်  မြင်ဘူးသူများပါသလား ဟု မလုံမလဲဖြစ်ကာ လူတွေ ကိုလိုက်ကြည့်ကာ ကိုယ်သိသူဘယ်သူများပါမလဲဟု ရထားအဝင်တွင် အကဲခတ်ရသည် ပြေးမလွတ် အရပ်ဒေသတွင်နေလေ ရာပြေးလွတ်မည်မဟုတ်ချေ. ဘယ်လိုနေနေ လှသူမဟုတ်လေရာ ဟင် အထင်နဲ့အမြင်တစ်မျိုးဟု ထင်မြင်မိမှာစိုးသည်  မြင်ရုံသာ  မြင်ကာ အော် မခဥမပါလား ဟု Peti လိုမျိုး မြင်သည်ဟု သုံးသပ်ကာ သွားလေသော်မည်သို့ခံစားရမည်မသိ. cerebility ဖြစ်ချင်သော်ငြားလည်းကိုယ့်ကို သိပြီး ကိုယ်က မသိသည်ကတော့တစ်ပန်းရှုးလေသည် ကိုယ်ကလည်းသိချင်သည်ပေါ့ လာစကားပြောဘို့တော့မမျှော်လင့်ပါ စလုံးက လူများသည် သောက်ကြီးသောက်ကျယ်သောနေရာတွင် နစ်ယောက်မရှိချေ. 

ပုံများပြန်ဖွက်မည်ဆိုသော်လည်း အသစ်အသစ်တွေ့သောသူများက မြင်ဘူးချင်ကြပြန်သည် သူတို့ကိုလည်းပြချင်ပြန်သည် ယခင်က သိခဲ့သူများ အဆက်အသွယ် မရှိကြသူများ ကိုလည်း အော် သူရို့များ သတိရလို့လာကြည့်ခဲ့ရင် up to date လေး မြင်ရတာပေါ့ ဟု စေတနာထားချင်ပြေန်သည်ုကိုယ့်ပုံကိုယ် အုန်းလက်ဆီသို့မသွားချင်သေးချေ. ကိုယ့်ဘာသာကိုယ်ကြည့်မဝ.

နောင်တွင် ပိုဆိုးတော့မည့်ရုပ်ရည်ဖြစ်ရာ ရသေလာက်လေးတွင် ပြချင်သည် ကိုယ်ကပြချင်သော်လည်း ကြည့်ချင်သူများက ကြည့်ချင်မကြည့်ချင်ရှိသေးသည် ထိန်းပြီးပြရသည် သိတ်ပြပြန်တော့လည်း not in show my feed လုပ်ကုန်ကြမှာစိုးရိမ်ရသည်.

ရုပ်ကြီးနဲ့ဆိုတော့လဲ ဟိုဟိုဒီဒီသွားပြီးသိတ်မဆဲဆိုဝံ့. ဒီရုပ်ကြီးမှတ်ထားပြီးဘာလုပ်လိုက်ရမလား ညာလုပ်လိုက်ရမလား လေထဲက ချိန်းခြောက်ကူများကို ကြောက်တတ်သူမို့ ကြောက်မိသည်. အော်ခက်ပါဘိသည်.


--
Sent from Gmail Mobile

No comments: