Friday, September 5, 2014

september 5 2014

ကုလားတိုင်

ရှေ့မှာ လူကြီးတစ်ယောက် ကုလားထိုင် နစ်လုံးကို ထမ်းပိုးနဲ့ ထမ်းလို့
ဝါးပက်လက်ကုလားထိုင်. မြို့ကြီးသူဆိုတော့ တောဆန်တာ ကြိုက်တယ် မမြင်ရ
မသုံးရဘူးကိုး။ ဝယ်ချင်တယ်. ကားမောင်းရင်းနဲ့ ဆိုတော့
ကားရပ်လို့အဆင်မပြေဘူး တစ်နေရာမှ ကားရပ်တယ် အဲသည် လူကြီးအဲသည်
ဆိုင်းထိုင်းနဲ့ မျက်စေ့ထဲဝင်လာတယ်။ ဝယ်ချင်တယ် ကြည့်နေတုံးဘဲအဲသည်
လူကြီး ဟိုဘက်ထွက်သွားတယ် မိုးရွာထားတော့ရေတွေ
လျှံနေတော့သူပြန်လှည့်လာတယ် ငါ ဒီလောက်ဝယ်ချင်ရင် ဝယ်သင့်ပြီလို့
ဆုံးဖြတ်တယ် မောင်ပါရင် ဘာမှ လုပ်လို့မရဘူး လစ်တုံး ခိုးဝယ်မှ ရမယ်။
မောင်ပါရင် အိုက်တင်နဲ့ စတိုင်နဲ့ မလိုင်နဲ့ နေမှ ဖြစ်မယ် မောင်နဲ့ ငါဟာ
ပြဒါးတစ်လမ်းသံတစ်လမ်းဆိုတာ ယူပြီးနစ်အတော်ကြာမှ သိတယ် ဟိုတုံးကတော့
ဟန်ဆောင်ခဲ့ကြတာကိုး အဲလေ ချစ်တာတွေ မိုးမွန်နေတော့တစ်ယောက် ကိုတစ်ယောက
်အပြစ် မမြင်ကြဘူးမဟုတ်လား အခုလား ငါကတော့ချစ်တာပါဘဲ အပြစ်လဲ မမြင်ပါဘူးခ
ျစ်တာ တစ်ခုဘဲသိတယ်

အဲသည်လူကြီါ်က ငါကုလားထိုင်ဝယ်မယ်ဆိုတော့ဝမ်းသာ သွားပုံရတယ်။
ဆိုင်းထမ်းကြီး ကို ချ ချွှေးသုတ်. ဝါးခုံ နစ်ခုံဆိုတော့လေးရှာမှာဘဲ
ဘယ်လောက်လဲ မေးတော့သုံးထောင့်ငါးရာတဲ ငါတွေသွားတယ် စဉ်းစားတာပေါ့
ငါဈေးလဲ မသိဘူး. ငါသိတာ က ဟိုတစ်လောက ဝါးလုံးတစ်လုံး အိဒိယဆိုင်က ဝယ်တာ
နစ်ထောင် ကျပ်ပေးရတယ် လေသွားတယ် ဝါးလုံးတစ်လုံးနစ်ထောင်ကျပ်ဆိုတာ
တယ်ဈေးကြီးတာဘဲ ထင်မိတယ် ဒါပေမဲ့ ဝယ်ရတယဘု လိုတာကိုး
ဝယ်မယ်စဉ်းစားတုံးအဲသည်လူကြီးက လျော့ပေးမယ်လေ ဝယ်ပါတဲ့
ဘယ်လောက်လျော့ပေးမလဲ ဆိုတော့နစ်ထောင့်ငါးရာတဲ့ ငါက သုံးထောင်ဆစ်မလို့ပါ
သူက နစ်ထောင့်ငါးရာပေးတော့ဝယ်မယ်စိတ်ကူးတယ်
နစ်လုံးလုံးဝယ်လိုက်မယ်စိတ်ကူးတယ် ဒါပေမဲ့ ငါ့ကားက ကုလားထိုင်တစ်လုံးဘဲ
ဆန့်တာ မောင်လစ်တုံးအမြန်ဝယ်ရမှာ မောင်လစ်တုံးကားပေါါ်အမြန်တင်ထားရမှာ.
သူ့ရှေ့မှာ ဒါတွေ လုပ်လို့မရဘူး မျက်စေ့နောက်လို့ကိုမရတာ
ငါ့ကိုဗိုလ်ကျတာနေမှာပေါ့ သူတီု့ခေတ်ကိုး။

ကုလားထိုင်နစ်လုံးထဲက တစ်လုံးကို ရွေးတယ် တစ်လုံးကဝါးချောတယ်
တစ်လုံးကဝါးမချောဘူး ချောတဲ့ဝါးကိုရွေးလိုက်တယ်
မိန်းကလေးသဘာဝပိုက်ဆံပေးခါနီး လျှော့ပါဦး နစ်ထောင်လို့ ပြောမိတယ်
ဟိုလူကြီးယောင်ဆောင်ထားတဲ့သိကြားမင်းက ယူလေု ဆိုပြီးပေးတယ်
ချွေးလေးသုတ်ပြီး နောက်တစ်လုံးကို ဆိုင်းထမ်းပေါ်တင်လို့ ထွက်သွားတဲ့
ထွက်သွားတဲ့ ချွေးသုတ်သွားတဲ့လူကြီးငါလိုက်ခေါ်ချင်လိုက်တာ သိကြားမင်းက
ပျောက်သွားတယ်။ နောက်တစ်ခါတွေ့ရင် ဈေးမဆစ်တော့ပါဘူး ဟိုလူကြီးရယ်။
နွမ်းပါးတဲ့လူကို ဆစ်မိတဲ ငါကိုယ်ငါ နောင်တ ရတယ်။ ကြေးအိုးတစ်ပွဲ
စာမရှိတဲ့ ပိုက်ဆံကို ဆိုင်းထမ်းကြီးနဲ့ လိုက်ရောင်းရရှာတဲ့လူကို ငါ့ကို
ခွင့်မလွတ်ပါနဲ့

2 comments:

မဒမ်ကိုး said...

နောက်တစ်ခါမဆစ်နဲ့ပေါ့ခင်ရယ်

Anonymous said...

They are poor people but making a decent living. I also did the same last time when I bought mangoes from an old lady. From then on, I will also pay what they ask for whenever I am in Myanmar. Off course we could not do this all the time. Only for those street vendors