Monday, September 16, 2013

Langkawi Eagle Square - Dataran Lang



























ခင် လန်ကာဝီမှ ပြန်ကာနီးတွင်.Dataran Lang (Eagle Square) သို့သွားသည်.။ ခင်သည် သတ္တိကောင်းသူဖြစ်သော်လည်း လန်ကာဝီတွင် အတန်ငယ်အားငယ်သွားသည်။  ပီနန်သွားတုံးက အေးအေးဆေးဆေးပင် အားမငယ်လိုက် ။ ပီနန်သည် တက်ကစီများသည်. ဘတ်စကားများသည် လည်း များသည် များသည်မှာ bus station အနေနင့်ပင် ရှိသည် မြို့ကြီးကြီးသော်လည်း လူရည်လည်လျှင် ရသည် တက္ကစီစီးလိုက် ဘတစ်ကားစီးလိုက် . မြေပုံကြည့်လိုက်နင့်အဆင်ပြေသည်။ ပီနန်သို့ကိုယ့်ဘာသာကိုယ်သွားကာ  ပြန်လာ၏။ လန်ကာဝီသည် ပီနန်လောက်မကြီးဟုထင်ရသည် တက္ကစီ မလွယ် ကိုယ်ပိုင်ကားပေါသည်။ ကိုယ်ပိုင်ကား ငှားရလွယ်သည်တက္ကစီငှားရမလွယ်။ အထာသိလျှင်တော့ခလုပ်တစ်ချက်နိပ်ရုံ့သာ ဖြစ်သည် အထာမသိလျှင်တော့ရွာလည်သွားမည်။


















































































ညနေပြန်မည် စိတ်ကူးသည် သဘော်က ညနေဖြစ်ရာ လည်သောအချိန်သည် နေအတော်ပူသည်. သုတ်သုတ်လည်သည်။ မြန်မာပြည် ဘုရားဖူး ဘုရားကားကဲ့သို့ပင်အချိန်ကနည်းရွေ့သွားချင်သည် ကများရာ ရောက်ပြီး ကြည့်.  ကြည့်ပြီးပြန်တက် သုတ်ချေတင်သည် နောက်တစ်ခေါက်ပြန်လာမည် မရေရာ စကာပူမှ ဆိုသော် အတော်ဝေးသည် ဂျိုဟို မှပင် ကား ည ဆယ်နာရီစီးရာ traffic ဧည့်သည်များသောအချိန်ဖြစ်သောကြောင့်လန်ကာဝီသို့ နောက်တစ်နေ့  ညနေ လေးနာရီမှ ရောက်သည် သဘောင်္ဆိပ်တွင် ကြာသွားခြင်းဖြစ်သည် လူက များသည် သဘော်လည်းများသော်လည်း လူက ပိုများသည်။ စကာပူမှ အချိန်ယူကာ တွက်ချက်ပြီး လေယဉ်ပျံစီးလျှင်တော့ အဲသည်လောက်အချိန်ကုန်မည် မထင်.။ သို့သော်လည်း ခြေထောက်ဗွေ ပါချင်သော ခင်သည် လမ်းကို မရှည် ရှည်အောင်ဆွဲဆန့်ကာသွားသည် လေယဉ်ကြီးစီးပြီးရောက်သွားသည် ကို သိတ်မကြိုက် ဒေသနရ ဗဟုသုတ လမ်းတစ်လျောက်ဆွဲဆန့်ချင်သည်။ ကိုးရီးယားသွားသော်တိုက်ရီုက်လေယဉ်ရှီသော်လည်းမစီး စကာပူမှ ဘန်ကောက် ဘန်ကောက်မှ ကိုးရီးယားသို့လှည့်ပတ်သွားသည် ပြန်သော် ကိုးရီားး မှ စကာပူတိုက်ရိုက်မပြန် ဘန်ကောက်မဝင် ကိုးရီးယား ဟောင်ကောင် စကာပူ လှည့်ပတ်ပြန်သည်။ ခရီးရှည်လေ ကြိုက်လေဖြစ်သည် ဆန်ပိုရသည်ပေါ့. ။




































ခင်ဝယ်လာသော လန်လာဝီက သော့ချိတ်ကလေးများဖြစ်သည် ဘယ်သူ့ကိုမှ မပေးရက်သောကြောင့်သိမ်းထားသည် သည်လိုနင့်ဘဲ တစ်အိမ်လုံးတောက်တိုမယ်ရများဖြင့်ပြည့်နက်နေသည်ပြီပေါ့.။




4 comments:

Crystal said...

ကီးချိန်းလေးတွေ လာငမ်းတာ :D

စုချစ် said...

မမKOM ရေ... သူများတို့လည်း အဲ့ကို ခဏရောက်ခဲ့တယ်... ဗိုက်ဆာနေတာနဲ့ မြန်မြန်ဓါတ်ပုံရိုက်ပြီး အဲ့နားက ရှော့ပင်းစင်တာမှာရှိတဲ့ ကုလားဆိုင်မှာ ထမင်းဝင်စားတာ ကောင်းသလားမေးပါနဲ့... မမလိုတော့ ဘာမှ ဝယ်ခဲ့ဘူးတော့...

Anonymous said...

လွမ်းတယ်ခင်.....
(လွန်ခဲ့တဲ့ ၃လလောက်က မြန်မာပြည်ပြန်သွားသူ)

Anonymous said...

အဲ့ကို မရောက်ဖူးသေးဘူး။ သော့ချိတ်လေးတွေချစ်စရာ ...