Saturday, August 10, 2013

9th September 2013

သူများတွေ အပြင်ထွက်ချိန်သူမထွက်ပါ. အိမ်မှာသာနေသည် ။ အသက်ကြီးပြီ ကလေးများလိုလန်းလန်းလန်းလန်းမလုပ်နိုင်တော့. အလုပ်ချိန်တွင် အလုပ်အပြည့်လုပ်နိုင်ရန် energy ကို save ထားရသည် ဟိုတုံးကတော့ တစ်ညလုံးမအိပ်ဘဲ ပြန်လာလည်းနောက်တစ်နေ့လျောက်လည်နိုင်သေးသည် ယခုတော့ နစ်ရက်ပိတ်သည်ကိုပင် နည်းသည် ထင်နေမိသူဖြစ်သည်။

မနက်စာပလာတာသည် ညနေ သုံးနာရီဖြစ်သည် ကော်ဖီမသောက်ဖြစ်ပါ ပက်စီသောက်သည်။ သူများတွေ ပသာဒဖြစ်အောင်တင်သော စားစရာများသည် သူလက်ထဲတွင်စားချင်စာရာမကောင်းအောင်ဖြစ်သွားသည်ကိုတော့မတတ်နိုင်ပါ. အရှိကို အရှိအတိုင်းဘဲပေါ့။

ဒါတ်ပုံကလေးပိုလှအောင် wondercamera နင့်ရိုက်လို့ရသည် သူ အနစ် ဆယ့်ငါးနစ်ခန့်နုပျိုသွားနိုင်သည် နေပါစေတော့လူတွေ ကို မလှည့်စားလိုပါ အရှိအ အရှိအတိုင်းဘဲပေါ့ ချစ်ကုန်ကြလျင်ခက်မည် တွေ့ချင်ပါသည် ဆိုခက်မည် လမ်းတွေ့မှ ဟင် မည်ကို စိုးရိမ်လှသည်.

ရှိစေတော့အသက်အကြောင်း ပြောလှသည် ဟုဝေဖန်ကြသည် မိန်းကလေးများကို အသက်မေးမးရာ ယောကျက်ားလေးများကိုဝင်ငွေ မမေးရာ. ဆေးကျောင်းသားများကို အမှတ်မမေးရာဟု တစ်နေရာတွင်မြင်လိုက်ရသည်။

တစ်နေ့လုံး ဖဘတွင်သာနေ၏ ကိုယ်လိုလူတွေ လည်းရှိသည်မဟုတ်လား ဖဘကို လူလုပ်ရသောသူသည် သူဖြစ်သည် အပြင်ထွက်လျှင် မိသားစုများကို တွေ့မည် သူငယ်ချင်းများကိုတွေ့မည် ပျော်ရွင် မြူးတူးနေကြသူမျာိးကုမြင်မည်.။ သူနင့်ဘာမှ မဆိုင်ပါ. ကိုယ့်ဘာသာငြိမ်ငြိမ်လေးနေရသည်ကစိတ်ချမ်းသာလိမ့်မည်.

ခင်အိမ်သည် ရှူပ်ထွေးလှသည် ဘာကိုမှ မကြည့်နင့် ကွန်ြူ့ပူတာဘေးတွင် ရှုပ်ထွေးနေသည် မှာ စုံလင်လျသည် ပရင်တာသည် ဆော့ဝဲမှားရွေ့လားမသိ. ပရင့်လုပ်ရွေ့မရပါ စမ်းသပ်ဦါ်မည် ဆိုကာမလွတ်ပစ်ရသေးချေ. စာအိတ်တစ်အိတ်ကို ဘာလို့ကြားထိုးထားသနည်း ခင်မသိပါ. အစာကြေဆေးသည် မောင်ပျင်းလျင် စားဘို့ဖြစ်သည် ချောင်းဆိုးပျောက်ဆေးသည် မောင်ဟိုတစ်လောက ဖလူဖြစ်ရာ အင်္ဂလိပ်ဆေးကော မြန်ာမဆေး ကွမ်းရုံပုံဆေးနင့်ကုရုံမက ထက်လင်း ရင်လူးဆေးလေးပါ ပြေးပြေးလူးပေးသည် ခင်သည် တဆ (တိုင်းရင်းဆေးလက်မှတ်)မယူလိုက်ရသည်ကို တောက်တစ်ခေါက်ခေါက်ဖြစ်သည် ဆယ်လိုတိတ်ကြီးဘာလို့ကွန်ပြူတာဘေးရောက်နေလဲမသိပါ. အိမ်မကလေးများလှနေလျင်သူသိတ်သေဘာကျသည်။ လှနေသည် မှာ ရှင်းနေသောကြောင့်ဖြစ်သည် ရှင်းနေသည်မှာ လွတ်ပစ်သောကြောင့်ဖြစ်သည် ဘာကို လွတ်ပစ်ရမည်နည်း ဘာကို မှ မလွတ်ပစ်ရက်ပါ နမျောစရာကြီး.။

သီချင်းနားထောင်သည် အိပ်သည်.။ စားသည်ကတော့မမည်ရ ညဘက်ဘာစားရမည်နည်း ရယ်ဒီမိတ် ရှမ်းခေါက်ဆွဲရှိသည် ခေါက်ဆွဲကို ရေစိမ်ပြုတ်ပြီး ပါလာသောအမှုန့်များနင့်နယ်လိုက်လျင် ရှမ်းခေါက်ဆွဲဖြစ်လတ္တွှ့.ံ
 


 

2 comments:

ကြည်ဖြူပိုင် said...

ပလာတာလေး စားချင်လိုက်တာတော့။ အောက်ကကြက်သွန်ဖြူလေးနဲ့က မုန့်ဖတ်သုပ်ဖြစ်မယ်။ သူလည်းစားချင်စဖွယ်စွဲဆောင်နေတယ်။ wonder camera နဲ့ရိုက်ထားတဲ့ပုံလေးကြည့်ချင်မိသားမမကွန်ရယ်။ ဖဘပြန်သုံးတဲ့အခါ လာကြည့်ချင်တာ။ ပလာတာကတော့ရှယ်ပဲလို့ထပ်ပြောသွားဦးမယ် မမရေ :)

ငြိမ်းစိုးဦး said...

ရှမ်းခေါက်ဆွဲ ပြုလုပ်ပုံကိုတော့ အထူးသဘောကျမိကြောင်း ...