Saturday, July 27, 2013

Lacerated wound

ခဥမသည် အလွန်ကျန်းမာသောသူဖြစ်သည် ဖျားခြင်းနာခြင်း ခေါင်းကိုက်ခြင်မူးခြင်းေ မာခြေင်း အားနည်းခြင်း တို့မှ ကင်းစင်သည်. အမျိုးသမီးများအားနည်းသည် မောသည် ရင်တုန်သည် ပြောလျှင် မျက်မှောင်ကုတ်တတ်သည် သူမှ မဖြစ်ဘဲကိုး။ သွေးတိုးဆီးချိုမရှိ. အားအလွန်ရှိသည် ရှိမှာပေါ့ကော်ဖီတွေ ချတာကိုး

ထိုသို့သော်ခင်သည်တစ်ရက်တွင် စလစ်ဖြစ်ကာ ချော်ကျ၏. ခင်သည်ခြေထောက်ကို အန်မတန်သတိထားသူဖြစ်သည် ထိုခြေထောက်ကလေးဖြင့်လုပ်စားနေရရာ လမ်းလျောက်လျင် လွန်စွာသတိထား၏. သို့ရာတွင်ထိုနေ့သည်လွန်စွာအေးချမ်းသော တနဂ်နွေဖြစ်ရာ အေးချမ်းလွန်းသောကြောင့် ပျင်းရီစွာဖြစ်လေရာခြေထောကက်ုသတိမထားမိလိုက်.

ခြေထောက်ညို့သကျည်းမှ blood သည် ခြေမသို့ရောက်၏. ခင်သည်ဘဲသတ္တိကောင်းသလား pain threshold ဘဲမြင့်သလား သွေးပူရွေ့ဘဲလား. ခင်မသိ. မနာချေ. ခြေကိုဖိထား၏ အနီးရှိ အမျိုးသမီးတစ်ယောက်က တစ်ရှူး ကမ်းပေး၏ ယူထားကာဖိထား၏ တစ်စုံတစ်ယောက်သည် amblance ကိုခေါ်သည် ခင်သည် မလိုဟု ခပ်တိုးတိုးပြောသည် ဖုံးဆက်နေပြီဖြစ်ရာ တားရွေ့လည်းမရ. ခင့်အလိုအရဆိုလျငျတော့ တက်ကစီစီးကာ သွာလိုက်မည်ဖြစ်သည် အော်ငါ့နယ် ကြံကြံဖန်ဖန် တနင်္ဂနွေ နေ့လည်း ဇိမ်ကျမယ်မှတ်တာ ခက်လှချည့်ဟု စိတ်ထဲက ညည်းညူ၏။  ခလေးမတစ်ယောက်သည် အနားသို့ချည်းကပ်ကာ ambulacne လာသည်အထိ သူစောင့်ပေးရမလား] ဟု offer လုပ်သည် . ကျေးဇူးတင်ပါတယ် မလိုပါရပါတယ် ဟု အင်္ဂလိပ်လို no need. thanks ဟု ယဉ်ကျေးဇွာ ငြင်းပယ်လိုက်သည်. ခင့်ကိုသနားယောင်ရှိကြသည်.

သနားသင့်ပေသည် ချော်လည်သည်မှ စရွေ့ခင်သည် မည်သူ့ကိုမျှ ဖုံးမဆက်ချေ. ဆက်စရာလူလည်းမရှိပါ.မောင့်ကိုဆက်လျှင် မောင်စိတ်ပူမည်.ကို ခင်မလိုလားပါ။  ဆွေမျိုးများကို ဆက်လျင် အနားယူနေသော တန`၈နွေလေးပျက်စီးသွားမှာ ခင်စိုးရီမ်သည် ခင်ဆက်မှတော့လာရတော့မည်ပေါ့။ ခင်သည် VIP မဟုတ်သော်လည်းသူတို့တွင် စောင့်ရှောင်္ကရမည့်တာဝန်ရှိရာ လာရပေမည်။ ခင် အားနာလှသည် ငါလည်းဘာမှ ဖြစ်တာမဟုတ် အကောင်းချည်းဘဲဟုစဉ်းစား၏. အကောင်းချည်းက ambulance စောင့်ရသည်မှာ သိတ်တော့မမိုက်ချေ.  ambulance သည်လည်းချက်ချင်းလာသော်ငြား ခေတ္တတော့စောင့်ရသည်ပေါ့.။

ရုတ်ခြင်း ambulance ရောက်လာ၏. ခင်သည် မျက်စေ့သူငယ်ဖြစ်သွားသည်။  လူနာအိပ်သော ခေါက်ကုတင်ကြီးကိုမြင်လိုက်ရသောကြောင့်ဖြစသ်ည လူနာပြူစုသူများရောက်လာသည် ခင်သည် ဘာမှ မပြောပါ . ငြိမ်ငြိမ်သာ နေသည်။ သွေးပေါင်ချိန်တိုင်း၏ နည်းနည်းလန့်သွားသည် ငါသွေးတိုးတာများလူသိသွားမလား စိုးရီမ်သည်. ခင်သည် စိတ်ညစ်လျှင် တစ်ဆယ်ခန့်တတ်တက်သည် ပုံမှန် ၁၂၀. ၈၀. ။ ၁၃၀။ ၈၀ ရှိတတတ်ရာစိတ်ညစ်လျှင် တန်းရှင်းသိတ်များလျှင် ၁၄၀. ကိုးဆယ်ဖြစ်ကာ မူးလာတတ်သည်. သူများမျူးလျှင် Life style change ရမှာပေါ့ weight လျော့လေ. အငန်တွေ သိတ်မစားနဲ့။ အိပ်ရေးဝအောင်အိပ် ဆေးလိပ်သောက်တာလျော့နော်။ တန်းရှင်းတွေ လဲလျော့ ဟု ဆေးချက်ခြငမ်းမပေးရသော အမှူကို ညွန်ကြားရင်း ကိုယ့်အလှည့်ကျတော့မူးလာလျင် amlodipine  ၅ mg ကိုပါးစပ်ထဲပစ်ထည့်လိုက်လေသည်။ ဆီးချိုစစ်မည် ဟု စိတ်ကူးလျှင် နစ်ရကခေန့်အစားကြိုလျော့သည် အချိုများရှောင်၏. ခြောက်နာရီခန့် အစာမစားနင့်ဟု သူများကိုပြောပြီး ကိုယ့်အလှည့်ကျ ကိုးနာရီခန့်ဘာမှ မစားဘဲ စစ်ပြီး ဟယ် ငါ  5.2 တော့. နော်မယ် ဘဲ ဟိဟိ ဆိုကာ ကျေနပ်နေသူဖြစ်ရာ ရူတ်တရက်ကြီးသွေားပေါင်ချိန်သော်လန့်သွား၏။ ဟင် တက်နေတော့မှာဘဲ ဆိုကာ ဘယ်လောက်ရှိသလဲ ဟု မရဲတရဲမေးသည် ကောင်းပါတယ် ဆိုသော်အဖြေကိုရသည်ခင်သည်ငါ့နောက်တစ်ခါ မေးရင် သေချာ ဖြေရမယ်ဟု သင်ခန်းစာ ယူသွားလေသည် ။ အောက်ဆီ၈ျင် လက်ဗယ် တိုင်းသည် ကို အသာလေးခိုးကြည့်မလားစိတ်ကူးပြီးဒါကေောတ့သေချာပေါက် ၉၈%  99 % ဘဲနေမှာပါဘဲ ဆိုကာစိတ်ချလက်ချနေလိုက်၏။

ambulance ထဲဝင်ပြီး ခင်သည် ဘေးခုံတွင်ဝင်ထိုငသေးသည် ခင်သည် ထိုင်နိုင်သည်မဟုတ်လား. သို့သော်သူရို့သည် ခင့်ကို အလည်အိပ်ရာတွင်အတင်းအိပ်ခိုင်းကြလေသည် ခင်မအိပ်ချင်ပါ လူမမာကြိးနင့်တူလှသည်. သို့သောည်း အိပ်ဆိုလျင် အိပ်ရမည်ပေါ့။ စောငလေးတောင် နဲနဲခြူံပေလိုက်ကြသည် ခင်သည လူမမာကြိးကဲ့သို့ဖြစ်သွားလေသည် အော် ဒုတ်ခ ဒုတ်ခ ဟု စိတ်ထဲမျ ညည်းညူမိသည် ငါ့နယ် စောစောက အကောင်း ဖဘလေးတောင်ကြည့်ရင် ဘတစ်ကကားမျတ်တိုင်ကိုတောင် ဒါတ်ပိုံရီုက်နေသူဖြစ်သည် ။ သို့သော်လမ်းလျောက်စဉ်ကတော့မကြည့်ပါ ဖြစ်ချင်တော့ကြံဖန်ဖြစ်သညဖြစ်သည စနေတစနေ့လုံးလဲနားသည် တစ်နဂ်နွေလည်းနားသည်. ဒီလောက်နားတာကိုဖြစ်တယ်ဆိုတော့လဲပင်ပန်းတယ်ဟု လွဲချရခက်နေသည်.

ရောက်လေရာတွင် အိုင်စီနင့်ဖုံးနံပါတ်နင့် အိမ်လိပ်စာကို ရွတ်ပြနေရသည် ငါနယ့်ဟုသာ စိတ်ညစ်နေလေသည်။ ဆေးရုံရောက်သွားသည် weelchair နင့်တွန်းသွားကြပြန်သည် အော်ဒုတ်ခ ဒုတ်ခ ဟု ခင်သည် ညည်းညူရပြန်သည်။ ဆရာဝန်အခန်းရှေ့ရောက်မှ စိတ်ချလက်ချပြန်သွားကြသည်. ခင်ထိုင်ရာက မထရပါ အားလုံး လုပ်ပေးသွားကြသည်။ ခင်သည်ဆရာဝန်အခန်းရှေ့ထိုင်ကာ ဟိုတွေးဒီတွေးသည် စတေပ်တင်ရင်ကောင်းမလားစဉ်းစားသည် ဆေးရုံမလိုက်လာဘဲ လေနင့်ခြိမ်းခြောက်တတ်သော စင်စင်. ရောာက်လေရာနောက်ယှက်တ်သော ကိုကိုမောင် မသနားတ်သော ကိုဘ အဝေေးရာက် ပေါက် . စိမ်းကားသူ ကိုေေ. ။ သွေးအေးသူ မအမမက..ဝေးတစ်နေရာမှ အလွမ်းသည် မောင်ရေခဲ  .တိတ်တိတ်ကြိတ်ခင်သူ  NICC. အမည်မသိ.နေရပ်မသိ လိပ်စာမသိသူများ. ဂျီးဒေါါ်ခေါ်ကြသူများ ကို သတိရသည်. အော်. သိတော့လဲစိတ်မကောင်းဘူး ရေးကြမှာပေါ့ မထူးပါဘူးလေ ဟု သံယောဇဉ်ဖြစ်၏. စောင်္င့သည် ကိုယ်က စောင့်ခိုင်းမှတော့ကိုယ်ကလဲပြန်စောင့်ရတတ်သည်ပေါ့ အသံမထွက်ပါ။

ဆရာဝန်လေးတွေ့ပြီ ဆရာဝန်လေးက ဆေးခွင့်တစ်ပါတ်ပေးမည် ဆိုသော်လန့်သွား၏ ဟင် ငါသာဆိုသုံးရက်တောင်များတယ်ထင်နေတာဟုတွေး၏. နားရတာပေါ့လေ ဟုဝမ်းသာသွား၏ မဟုတ်က သိတ်ပင်ပန်းတာ ဟု ကြံဖန်ကာ သနား၏။ ဆရာဝန်နင့်တွေ့ပြီး ပြီဆိုမှတော့ပြီးပြီပေါ့ဆေးထည့် နဲနဲချုပ် ဘဲဟာ ဟုဆိုကာ အချိန်လဲလင့်ပြီလေ ဟု အမျိုးတွေလည်းအနားယူပြီးလောက်ပါပြီဆိုကာ ဖုံးဆက်သော်အခါထင်သည်အ့တိုင်းအခုလာခဲ့မည်ဆိုသည် ငြင်းမရ.။ ဘယ်မှ မသွားနဲ့ဟုဆိုကြသည် သွားလို့လဲမရပါ. ဆေးမထည့်ရသေးမချုပ်ရသေး ဆရာဝန်လေးသည်အလုပ်များသည် ချုပ်သောအခန်းထဲထည့်ကာစောင့်ရင် ငါ့ဘာသာ ချုပ်လုကိရင်ကောင်းမလားစဉ်းစားသည်ဘယ်ဖြစ်မလဲနာမှာပေါ့ဟုတွေးကာစောင့်သည်.။ ဒီလိုဘဲစောင့်ရတာပေါ့ ဟုအမျိုးတွေကိုဖြောင်ဖြသည် ဒါဆေးရုံလေ ကိုယ်လဲသူများကို စောင့်ခိုင်းသည်ဘဲ. အချိန်တန်တော့အိမ်ပြန်ရတော့ပေါ့ ဆေးခွင့်တွှေအများကြီးပေးထားတာဘဲ တန်ပါတယ်ဟုကိုယ့်ကိုကိုယ်ပြော၏။



လိုရင်းမှာ အခုမှရောက်၏. Daily dressing ဖြစ်သည်. ခင်သည် သူများကိုသာ ညွန်ကြားသူဖြစသ်ည်ကိုယ့်ဘာသကိုယ်မလုပ်ပါ ဘယ်လိုလုပ်ရမလဲတော့သိသည်ပေါ့ ဒါပေမဲ့မလုပ်။ ဆေးခန်းလဲ့ heavy မထိုင်ခဲ့လေရာ GP management ကို အိုးတိုးအတလုပ်သည် ဆရာဝန်ဆိုကိုယ့်ဘာသာကိုယ်လုပ်တတ်မှာပေါ့ဟု အထင်ကြီးကြသည် တတ်သည် တတ်သည် အတတ်လွန်နေခြင်းဖြစ်သည ဟို ကိုယ့်ကိုကိုယ်ညာ၏။ ဆေးတော့မှန်မျန်သာကသည် ဆေးခုနစ်လုံးခန့်ကို အသာလေးသောက်နိုင်၏။ ဆေးထည့်ရာတွင်ခက်လေပြီ.

normal saline ဖြင့်ဆေး. ~( 3x1 cm) ဒါလေးများဆေးတာပေါ့ ပြိးရင် ဒါလေးလိမ်း ဒါလေးများ လွယ်ပါတယ်ဆိုကာ လိမ်း၏ ရက်အနည်းငယ်လိမ်းပြီးသော အဝါရောင်လေးများ သန်းလာသည် slough လားအသားတက်တာ လားအသာလေးဆွဲဖယ်၏.မရ. ။ ကိုယ်တိုင်ဖယ်မရသော် ကျွမ်းကျင်သောဆရာမထံသွားကာ ဆေးထည့်ခိုင်း၏.။ ဆေးအဝါလေးမို့ ဝါတာနေမယ်ဆိုကာ ကိုယ့်ဘာသာကိုယ် ဆေးအဖြူရောင်ပြောင်း၏။ hydrogel ထည့်ပါလား ဆိုသော်အင်တင်တင်နင့်မသိချင်ယောင်ဆောင်နေ၏

noraml saline ဖြစ်ဆေးရုံနင့်အားမရ  ပန်းရောင်းဆေးဖြင့်ပါနစ်ခါဆေး၏. မြန်မြန်ပျောက်ချင်သောကြောင်ဖြစ်သည်။ ဆေးရုံတင်အားမရ. အုပ်ပါအုပ်သေးသည်။ ပြီးသော အဖြူရောင်ဆေးပြောင်း၏။ wound ကိုပိတ်လိုက်ဖွင့်လိုက်လုပ်သည် ဒိနေ့ပိတ်ချင်ပိတ်ပြီးမနက်ဖြန်ဖွင့်ချင်ဖွင့်သည် တစ်နေ့သုံးခါလောက်ချောင်းကြည့်၏. ခြေထောက်ကို အခါပေါင်းများစွာ ငုံ့ကြည်သည်။ တွေ့သမျှ လူကို ခြေထောက်ထိုးပြ၏. ဒါတ်ပုံရိုက်ာ တစ်နေ့ဆယ်ခါ မှတ်တမ်းတင်ကာ progress ကိုရှူစား၏. မနိုင်ရင်ကာများသို့ viber ဖြင့် သော်လည်းကောင်း.Facebook message ပို့ကာ wound inspection ကြည့်ခိုင်း၏ အကြံညဏ်များကိုယူသည် လုပ်ချင်ရယလုပ်သည်။ မနာယူ။

pharmacy သို့သွားက ပတ်တီးကျဲဆေးပတ်တီး. ပလာစကတာ ဂွမ်း. . . ပလာစတကာ အလုံကပ်. ရိုးရိုး........။ ရေစိုခံပလာစတာ မျိုးစုံဝယ်သည် ဆိုင်ဖွင့်လျင် ရလောက်ပြီဖြစ်သည်. / complication ဝင်ရင် ဒုတ်ခဘဲဟု စိတ်ပူ၏. ခြေသလုံးတုတ်တုတ်ကြီးကို တွေ့သောသူများကို ကြည့်ခိုင်း၏. ယောင်နေလား ယောင်တယ်ဆိုတာ ကြီးနေတာ ကိုဆိုလိုတာလေ ဟု ဆိုကာ မော်ဒယ်များကဲ့သို့ ဘောင်းဘောင်းကို မကာ တစ်ပါတ်လှည့်ကာ ပြ၏. ကြည့်ပေးသော်သူများက သေချာကြည့်သော်ရှက်ပြန်၏.ဟင် ငါခြေထောက်ကြီးဆိုကာ မျက်နာမထားတတ်ဖြစ်ပြန်. မယောင်ပါဘူးဆိုမှ စိတ်ချမ်းသာ၏. အသာလေးစမ်းကာ ကြည့်ကာ နီနေသလားကြည့်ပြန်သည် ဘယ်လောက်လောက် လိုသေးလဲ ပျောက်ဘို့ဟု တွေ့သမျှ လူကို ခန့်မှန်းခိုင်းက ပျှမ်းမျှ အကြွင်းချ၏။

နောက်ဆုံးတစ်ခါ ဆေးခန်းသို့သွားပြန်သည် အလကားပြနေရသည် ကို အားမရ .ပိုက်ဆံပေးရွေ့သွားပြပြန်သည် ဆရာဝန်က ကောင်းပါတယ်ဟု ဆိုသော် အားရ၏. ဆရာမ၏ ဆေးထည့်ခြင်းကို အားကိုးစွာ ခံယူ၏. ခလေးသဘွယ် မျက်နာငယ်လေးနင့်နာယူ၏။  နေမကောင်းလျင် အားငယ်၏။ ဘုရားစာများနားထောင်စ ပြုလာသည် ။ ဗောဇင်သုတ် မရွတ်တတ်သောကြောင့် you tube မှ နာ၏။

နစ်ရက်တစ်ခါ wound့ ကိုဖွင့်ကြည့်သော်များစွား excited ဖြစ်၏ ဘုရားတရွေ့ဖွင့်သည် ခပ်ဝါဝါလေးများတွေ့သော် မျက်နာငယ်သွား၏။ ဆေးဝါလို့များလား ဆေးအဖြူ ပလာစကာ ပြောင်းကပ်ရင် ကောင်းမလား စိတ်ကူးပြန်သည်။ ဆရာများလည်းစိတ်ညစ်ခြေပြီ။ ခင်လည်းစိတ်ညစ်သည်။ တိုင်ပင်ပြီး လိုက်မလုပ်သော သူကို စိတ်ညစ်ကြမည်မဟုတ်လား ဒါတောင် antibiotic တွေ ခိုးသောက်နေတာ လူမသိသေး။  anyway. တစ်နေ့တော့ကောင်းရမည် မလွဲပါ. အမြန်ဆုံးရောက်ပါစေ။

6 comments:

Anonymous said...

get well soon..ma ma

Anonymous said...

မမရေ ... အညှော်လဲ ရှောင်ဦးနော် ။ ဘာ Antibiotics သောက်နေလဲဟင် ။ Cloxa လေးကောင်းမယ်ထင်တယ်နော်။
ကေခိုင်မောင်

Anonymous said...

သတိရတဲ့ထဲမှာ
ကိုယ်လည်းမပါပါလားနော်။
အမြန်ဆုံးသက်သာပါစေလို့ ..
အအရ

Aunty Tint said...

မျှော်မှန်းမထားတာမျိုး မထင်မှတ်ပဲဖြစ်တတ်တယ် ...
အရာရာဟာ အနတ္တသဘောဆောင်နေတာပေါ့ခင်...
ထိခိုက်တဲ့ဒဏ်ရာ အမြန်ဆုံးပြန်ကောင်းပါစေလို့ ဆုတောင်းပေးခဲ့တယ် KOM ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သက်ဝေ said...

နေမကောင်းလျင် အားငယ်၏။ ဘုရားစာများနားထောင်စ ပြုလာသည် ။ ဗောဇင်သုတ် မရွတ်တတ်သောကြောင့် you tube မှ နာ၏။

(သိပ်သဘောကျသွားတယ်...)

တန်ခူး said...

အမြန်အနာကျက်ပါစေ မ ရေ... ကြက်စွတ်ပြုတ်သောက်ရင် အသားတက်မြန်တယ်ပြောကြတယ်