Wednesday, March 20, 2013

ဘီအေဂျီဘက်ခ်

ဘုရားရေ.

ဘာတွေမှန်းမသိ အတော်ဝယ်ထားတာဘဲ ဈေးတော့မကြီးပါဘူး ဈေးကြီးတာလဲ မဝယ်ရက်ဘူး ပိုက်ဆံအိတ်ကို အမျိုးမျိုးလဲကိုင်တာ ကြိုက်တယ်ဒါပေမဲ့ တစ်ခုထဲဘဲ ကိုင်တယ်။ အလုပ်မှာရှိတဲ့သူတွေ က  အလုပ်မှာ ပညာကိုပိုတန်ဘိုးထားကြတယ်။ အလှအပကို အပြင်မှာသုံးတယ် ။ ကိုယ့်အနေနဲ့က အပြင်လဲ ဘယ်မှ မသွားဖြစ်တော့ဘယ်မှာမှ လဲသုံးစရာမရှိပါဘူး။ ဝယ်ချင်တာကတော့ဝယ်တာဘဲ စိတ် အယားပြေဆိုပါတော့ ၊ဝယ်ပြီးတော့လဲ မသုံးဖြစ် အမျိုးတွေ ကိုဘဲ ပေးမယ်လေ ဆြိုီပီးစုထား.

တစ်ခါတစ်ခါတော့လဲ စဉ်းစားမိသား စလုံးတစ်ရာတန်တစ်ခါထည်းဝယ်လိုက်ရင်ပိုကောင်းမယ်လို့. ဒါပေမဲ့ လဲ အဲသလို တို့စိတို့စိဝယ်ချင်တာကိုကလည်းဝါသနာ. ဝယ်လိုက်ရရင်ပျော်သွားတဲ့ခံစားချက်တေကြာင့်ဝယ်ဖြစ်တယ် အိမ်ရောက်တော့ထိုးထည့်ထားလိုက်တာဘဲ ကိုယ့်အနေနဲ့ကတော့တစ်ဆယ်တန်ဘဲ သုံးပါတယ် ယုံချင်ယုံမယုံချင်နေ တစ်ခါတစ်လေ ရုပ်ဖျက်ဘို့လိုအပ်တယ် ။


ပုံ ၁။
 



























ဆွဲလို့လဲရ လွယ်လို့လဲရ ကြီုးအထဲမှာပါတယ် ချစ်စရာလေး မသုံးဖြစ် သုံးလိုက်ရင်ဟောင်းသွားမှ စိုးတယ် ကိုယ်လဲ တစ်လမှ တစ်ခါသုံးဖြစ်တာ မဟုတ် အလကားဘဲလေ အမျိုးတွေ ကိုဘဲ ပေးမယ်ဆိုပြီးသိမ်းထားတာဘဲ ရန်ကုန်ထည့်ပေးမယ်ဆိုတော့လဲ နည်းနည်းလေးလို့ဆိုပြီး မောင်က အင်တယ်။ သူ့ဟာမတွေ အတွ့က်ဆိုရင်တော့ယူသွားမယ်ထင်တာဘဲ။ သိတ်ခက်တယ်။ မပေးပါဘုး သွား............


ပုံ. ၂.



























ဒါလဲ ခန့်တာဘဲ လွယ်လို့လဲရ ဆွဲလို့လဲ ရ နဲနဲပိုလေးတယ် အသားထူတယ် အဲသည်တော့မောင်က အင်ပြန်တယ်။ မသယ်ပေးချင်ဘူး. ပေါ့တာဘဲ လက်ခံချင်တယ်တဲ့ နေပေါ့.။




ပုံ. ၃.

 




























နဲနဲကြီးတယ် ခရီးသွားရင် ပစည်းလေေးတွ ထည့်ရတာပေါ့ဆိုပေမဲ့လဲ တစ်ကယ်တန်းတော့ မသုံးဖြစ်ပါတယ် တစ်က်ယတန်းခရီးသွားတော့ပစည်းတွေ ကလေးတာနဲ့တစ်ကယ်သယ်နိုင်ဘဲ အိတ်ဘဲ သယ်ရတာဘဲ သူက ခပ်ပေါ့ပေါ့လောက်ဘဲ သယ်နိုင်မဲ့သဘောရှိတယ်။


ပုံ ၄.


























 ကိုယ်သုံးမယ်စိတ်ကူးပြီးဝယ်လိုက်တာဘဲ ပစည်းကောင်းပါတယ် အသားပျော့တယ် နဲနဲတော့လေးချင်တယ် သံတွေ များသွားတယ် အသားပျော့တော့စည်းထုတ်ရင် အိတ်က အိုက်ကျကျသွားတယ်။ ပစည်းပြုတ်မကျအောင်သတိထားရမဲ့သဘောရှိတယ် ကိုယ်နဲ့မကိုက်သေးပါဘူှးရှပ်ပလာ ရှပ်ပလာနဲ့ 


ပုံ ၅.




























ကောင်းပါတယ် မိုက်တယ် ကြီးတာ ဝယ်ဖြစ်တယ် အများကြီးထည့်ရတာကို မသုံးရက်လို့သိမ်းလိုက်ပြန်ရော. သုံးလိုက်လို့ဟောင်းသွားတာကို မကြိုက်ဘူး အသစ်အတိုင်းလေးဘဲ အရိပ်ကြည့်နေတယ် ကြည့်လို့ဝသွားရင်အ မျိုးကိုပေးလိုက်ရော. ကိုယ်သု့းချင်လဲသုံးမှာပေါ့။ ဈေးချတုံ့းက ဝယ်ထားတာ စလုံး တစ်ဆယ့်ငါးကျပ်.


ပုံ ၆

လှတယ်နော်။




























ပုံ ၇




























ရှားရှားပါးပါးလေး ပစည်းရှားတယ် အစိမ်းရောင်လဲရှားတယ်။ ပေးမလို့ဘဲ ပေးပြီးရင် ထပ်ထပ်ဝယ်နေမှာနဲို့ကိုယ့်မှာရှိတော့ထပ်မဝယ်ဖြစ်ဘူးပေါ့ဆိုပြီးဒီလိုဘဲ ထားလိုက်တာဘဲ ဘယ်နားသွားသုံးရမှာလဲ တစ်နေ့တစ်နေ့တစ်ဆယ်တန်နဲ့ဘဲ နစ်ပါးသွားနေရတာ 



ပုံ ၈

ဒါတော့ပေးစြဖ်မှာသေချာတယ် မကောင်းလို့တော့မဟုတ်ပါဘူး အဲသလိုမျိုါ်ရှိပေါင်းများပြီ.


































ပုံ ၉။




























လှတယ်. ဟိုနားဒီနားသွား ပစည်လေးတွေ ထည့်သွားပေါ့ ဟိုနားဒီနားလည်းဘယ်မှမသွားဖြစ်တာနဲ့ဘဲ (တောက်ခေါက်သည်)


ပုံ ၁၀


























လန်ကာဝီသွားတုံးကအနားက မြို့ကလေး မှာ မုန့်စားရင် လမ်းဘေးဆိုင်က ဝယ်ခဲ့တာ မလေးတစ်ဆယ်. ပလက်စတစ်နဲ့ယက်ထားတာ ချစ်စာလေး.


11 comments:

ညီလင်းသစ် said...

အိတ်တွေ အများကြီးပဲနော်၊ ကျနော် လာတုန်းကလည်း တစ်အိတ်လောက် ဝယ်ခဲ့ရမှာကို၊ သတိက မရဘူး...၊း)

ပလပ်စတစ်နဲ့ ရက်ထားတဲ့ နောက်ဆုံးခြင်းကလေး ကြိုက်တယ်..။း)

Anonymous said...

ကိုယ်လည်းပလတ်စတစ်နဲ့ ယက်ထားတဲ့ခရမ်းရောင်လေး
ကြိုက်တယ်။
အအရ

Anonymous said...



အရွယ်အစားမှန်းလို့ ရအောင်

တခြားပစ္စည်းတစ်ခုခုနဲ့ ယှဉ်ရိုက်ပါလား

(ဆရာလုပ်သည်)

Cameron said...

နံပါတ်ရှစ်ကိုကြိုက်သည်

အလွမ်းမြို့ said...

အမရေ..

ကျမလည်း အမလိုဘဲ ချစ်စရာလေး လှလို့ဝယ်လိုက်
ကြည့်လိုက် အမျိုးတွေပေးမယ်စိတ်ကူးလိုက်နဲ့။
ဈေးကြီးတာကိုတော့ နှစ်သက်ပေမဲ့ ချစ်စရာလေးတွေ
လည်း သူ့ဟာနဲ့သူ ချစ်စရာဖြစ်တော့....


ခင်မင်တဲ့
အလွမ်းမြို့

ညိမ်းနိုင် said...

နောက်တစ်ခါ ၁၀တန်အိတ်ကလေးတွေများဝယ်ဖြစ်ရင်
ကျွန်တော့်အတွက်ပိုဝယ်ထားပါလားဟင်...၊ကိုယ်တိုင်
လွယ်ဖို့တော့မဟုတ်ဘူးနော်....အမျိုးတွေလက်ဆောင်
ပေးဖို့...... :))))

Aunty Tint said...

ပုံစံ-၆လေးကို ကြိုက်တယ်..
တီတင့်လည်း ပိုက်ဆံအိတ်နဲ့ ဖိနပ်ကတော့ ကြုံဝယ်ပဲ :P များများစုထားပြီး ရန်ကုန်ရောက်ရင် sell ချပေး။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

နောက်ဆုံးနှစ်အိတ်
အဖြူလေးနဲ့ခရမ်းလေးကိုကြိုက်တယ်..

သက်ဝေ said...

မမ.. မမ...
ဝယ်နေတုန်းပါပဲလား...
တော်တော့လေ... ကိုယ်မသုံးဖြစ်မဲ့ဟာတွေ ထပ် ထပ် မ၀ယ်နဲ့တော့ပေါ့...
(ခပ်တည်တည်နဲ့ ဆရာဝင်လုပ်သွားသည်)

Anonymous said...

I like the last plastic one most.When you come back for Thingyan holidays,bring it for me pls:))
Gyidaw

Candy said...

ဆိုးမန်းနီး ဘီအေဂျီ O_O