Thursday, January 3, 2013

2th Jan

အိပ်ရခါနီးပြီ . မြန်မြန်အိပ်ပါ. ပြောစရာ၇ှိမြန်မြန်ပြောပါ. ရေးစရာရှိမြန်မြန်ရေးပါ။ လူပ်စရာရှိ မြန်မြန်လုပ်ပါ .အလကားနေ သော့ခလောက်မဆွဲကြည့်နဲ့တော့ . နာရီ သော့အလမ်းကိုလဲ တစ်ခါဘဲ ဆွဲတင်ပါ။ တယ်လီဖုံးကိုတော့အလန်းပေးဘို့မမေ့ပါစေနဲ့ မိုးမလင်းရင်ခက်မယ်။ 


















count down ညက မဒေါင်းလိုက်ရဘူး အိပ်ပျော်သွားတယ်။ ပျော်နေတဲ့အပျော် ပျက်သွားတယ် စိတ်မဆိုးပါဘူး ကိုယ့်ကံဘဲ။ ကျန်းမာပျော်ရွင် မေတ္တာဝင်ရင်ပြီးတာဘဲ.
သွားကိုက်တယ်။ ဆရာဝန်သွားပြတတယ် စက်ကြီးထဲ ဒါတ်မှန်ရိုက်တယ် ကြောက်စရာကြီး ပါးစပ်က တစ်ခုခုကိုကိုက်ထားရတာ. ပလက်စတစ်တောင်းပြီးကိုက်တယ် သူတို့လဲပြင်ထားပါတယ် လူတိုင်းထည့်နေတဲ့ အဲလေ လူတိုင်းကိုက်နေတဲ့စက်ကြီး သွားဆရာဝန်ဆီပြရတာမလွယ်ဘူး လူနာ၈ျီးဂျက်များတယ်။

ဒါတ်မှန်စက်ကြီးကကောင်းတယ်ပါးစပ်နဲ့ကိုက်. အရင်ဘဝက နွားများမြင်းများ သိုင်းကြိုးချည်ခဲ့မိလား ကိုက်ထား ကိုက်ထားအတော်ကြတာဘဲ မျက်စိမှိတ်ထားမျက်စိတ်မျှီတတ်ာထားအတော်ကြတာတယ် မတ်တတ်မတတ်တတ် အတော်ကြာ တယ် အသက်ပိုကြီးတဲ့သူတွေ ရပ်နိုင်ပါ့မလား။ 




















စက်ကြီးက လည်နေတယ် ခေါင်းဘေးမှာ ခေါင်း ကိုလည်စကာနဲ့ထိန်းထားတယ် စိတ်ပူတယ် မျက်စိဖွင့်လိုက်ရင် လေဆာတွေများမျက်စိထဲဝင်သွားမလား။ လည်နေတဲ့စက်ကြီးကများမျက်နာကိုလာရိုက်မိမလား။ ဘေးက ညှပ်ထားတဲ့ စက်က အရှိန်လွန်ပြီး ရုပ်ရှင်ထဲကလို ခေါင်းကိုညှပ်လိုက်မိရင် ဘယ့်နယ်လုပ်မလဲ မျက်စိလဲမဖွင့်ရဲ အသက်ကို စက်ထဲ အက်ထားသလို.. ဒီလိုဘဲလား သူများတွေ ခံစားချက်. .

ရိုင်္ကပြီး ကွန်ပြူတာနဲ့ ကြည့်သိတ်ကောင်းတယ် ဖလင်ဘယ်မှာလဲ မလိုဘူး ဆရာယန်ဆီပြန်သွားတွေ့ရင် ဖလင်ကြီးဆရာဝန်ဆီ ပြန်ရောက်နေလိမ့်မယ် ဖလင်မလိုဘူ ကွန်ပြူတာနဲ့ sent လိုက်ပြီ. ဟယ်တော့ အဆင့်မြင့်လိုက်တာ. ဖလပ်ဆို ဓါတ်ပုံရိုက်ပြီးသွား မြန်လိုက်တဲ့လက်.

ဆရာဝန်က ကုပေးလိုက်တယ် သက်သာသွားမှာပါ.ဘာမှ မဟုတ်ဘူး. နောက်နေ့သူများတွေ ကို ပိုကြင်နာမယ်နော် လူနာလုပ်ရတာကြောက်စရာကြီး အားပေးကြပါ. ရှင်းပြပါ။

3 comments:

AMK said...

သွားကိုက်တာသက်သာသွားပြီးလား မမကေအိုအမ်

Mon Petit Avatar said...

Take care Ma Ma KOM, wish you all the best!

ညိမ်းနိုင် said...

ရေးထားတာလေးမိုက်တယ်...ဟုတ်တယ်...လူနာလုပ်
ရတာကြောက်စရာဂျီးးးးးးးးးးးးးးး