Thursday, August 11, 2011

Yangon 2011.11

လက်ရာတိုးတက်လာတယ်ဆိုလို့ကြွားဝါနေခြင်းလဲမဟုတ်ရပါ. ကင်မရာကလဲ တယ်လီဖုံးနိုကီယာ ဟုသာထင်ပါသည်။ ရန်ကုန်မပြီးနိုင်သေးလားဆိုလဲ စိတ်ကူးပေါက်တိုင်း တင်နေဦးမည်သာဖြစ်ပါသည်။ တစ်ခေါတစ်ခေါက် ပြန်ချိန်လဲ ရောက်ရှိ ကာနီးပြီ မဟုတ်လား..အဟိ (အမေရိကားနင့် အင်္ဂလန် မှ သူများစိတ်မချမ်းသာရန်စိတ်ပုတ်ရသေး၏။)။









သို့အတွက်ကြောင့်ရှိသောပုံများ ထုတ်ရန်လို၏။ ဘာလို့မကုန်နိုင်ပါလိမ့်။ မိမိ၏ hard disk ကို virus ကိုက်ရန်မေတ္တာ ပို့ကြကုန်လော့။ သို့မဟုတ်အောက်ပြုတ်ကျရန် ဆုတောင်းကြကုန်။ ။ သို့တည်းမဟုတ် ငါကွ .. လာမဖတ်ဘဲနေနိုင်တယ်ဟု ကြွေးကြော်နိုင်လျှင်တော့လဲ ဒီဝတ်ကြွေးက လွတ်နိုင်၏…….....သြော်............. (စိုင်းထီးဆိုင်အသံဖြစ် ဆွဲဆွဲငင်င် သြော်. ပါ) ။ ဒီကတော့ ဘလော့ပိုင်ရှင်မို့လို့ ပစဝကို မ ပေးနိုင်။ လာပြီး ဒလိ လုပ်သွားမှ စိုးရ၏။




မည်မျှ ကြည့်ရွေ့ ကောင်းသနည်းန ငေးမောကြည့်ရူလိုက်ပါ။ ရထားကြီးတစ်ီစီးမျက်စေ့အောက်သို့ပြေးဝဝင်လာ၏။ ထိုအချိန်က မိမိဘာလုပ်နေသလဲစဉ်းစားမရပါ. အောက်မှာလား ထိုင်နေတာလား ရထားဖြတ်လို့ လမ်းကူးဘို့စောင့်နေတာလား ဘာလားညာလား ဘာမှ စဉ်းစားရွေမရတော့ပါ. စဉ်းစားမရလျှင် မစဉ်းစားရုံသာဖြစ်၏။ ရထားပေါ်က လူများကို လက်ဝှေ့ယမ်းရွေ့တာ့တာပြချင်သောဆန်ဒ များဖြစ်ထွန်း၏။ တစ်ကျပ်တစ်ပြားကြဲချသွားလျင်လည်းကောက်လိုက်ရုံသာ။။။။။။။










ပတ်ဝန်းကျင်တစ်ခွင်လှည့်လည်သော ရန်ကုန်သားအဖို့မှာ နစ်သက်လှသည်။ မြက်ခင်းများ လယ်ကွက်များ….. မျက်စေ့တစ်ဆုံး။ ဘယ်တွေ ရောက်လို့ဘယ်ပေါက်ခဲ့သလဲဆိုလျှင်လဲ ဖြေရသေးသပ. ရန်ကုန် မြို့တဝိုက်ပါဘဲ။ မြို့ထဲ မြို့ထဲ ဟုလို့တော့မပြောချင်ပါ။ စပယ်ယာထင်ပြီး အစ်ကို အကြွေပြန်အမ်းပါဦးဟု ဆိုသော်မခက်လော။







14 comments:

သူကြီးမင်း (တုံးဖလား) said...

အမ...
ကန်ဇွန်းရွက်သွားခူးတာလား။ ဒါမှ မဟုတ် ဂေါ့က်ရိုက်တာ သွားချောင်းတာလား မသိ။း)))
အတော်လေး နှံ့စပ်သား။

ခင်မင်လျက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဗိုင်းရပ်စ်အကြောင်းပြောတော့ ဗိုင်းရပ်စ်ကိုက်ခံရပြီး ပျက်သွားတဲ့ ပုံတွေ နှမြောလိုက်တာ ..

သီရိရတနာ said...

မမကို အားကျလိုက်တာ။ :)

ကိုဇော် said...

သြော် . .ပြန်ဦးတော့မှာပေါ့။
မေးလ်ပို့ထားတာလည်း အကြောင်း မပြန်ပါလား . .
ရပါတယ် . .ရပါတယ်။

Anonymous said...

ဗိုက်ခေါက်ထူသောစပယ်ယာမမြင်ဖူးသေးသဖြင့်လူတွေဝိုင်းအုံကြည့်ကြမည်

Anonymous said...

ရထားလာတုန်း ဖြတ်မကူးနဲ့ နော်။ လွတ်မယ်ထင်ပြီး။ဒီကစိတ်ပူတတ်တယ်။
အိုင်အိုရာ

စော(အဝါရောင်မြေ) said...

ဒါ မင်္ဂလာဒုံအထွက် ကျိုက်မရော ဘုရားမရောက်ခင်လား မသိ။
ဟီ ဟိ နံမည်တွေ မေ့ကုန်လို့  ရမ်းပြောတာ။
ပြည်လမ်းကနေ ခရေပင်သွားတဲ့လမ်းပါတာတော့ သေခြာတယ်။ ရထားတော့ ဘယ်နေရာမှန်း မသိ။

Anonymous said...

ရထားသည် ရန်ကုန်မြို့ပတ်ရထား မဟုတ်ဟုထင်ပါသည် သေသေချာချာတော့ မသိနိုင်တော့ပါ အရင်က ရထား အပြာရောင်တွေ ဘဲရှိသည်ဟုထင်ပါသည် ...။

ဆူးသစ် said...

ကျွန်တော့် ရန်ကုန်ကို လာဝေဖန်သွားတာ ကျေးဇူးတင်ပါသည်။ နောက်လည်း အဆင်ပြေလျှင် လာဝေဖန်ပေးစေချင်ပါသည်။

ချယ်ရီမြေ said...

ဓာတ်ပုံထဲက ရန်ကုန်သရုပ်ကို ဖော်ကြည့်လိုက်ပါတယ်..

Nwe said...

မဂ်လာဒုံအထွက် ဘုရားက ကျိဲက်ကလို့ ကျိက်ကလဲ့ ဖြစ်ပါတယ်

လင်းဒီပ said...

အစ်ကို အကြွေလေးပြန်အမ်းပါဦး ...:D

ရန်ကုန်ရောက်တုန်း မြို့ပတ်ရထားစီးဖို့လုပ်တာ မအောင်မြင်ခဲ့ ။ ဒီတစ်ခေါက်ပြန်လျှင် စီးမည် ။

ညိမ်းနိုင် said...

မကုန်နိုင်သေးလည်း တင်သာတင်ဗျာ..၊မပြန်နိုင်သေးတဲ့သူ
တွေအလွမ်းပြေကြည့်ရတာပေါ့...၊ခဏခဏပြန်နိုင်သူတွေ
ကိုနာလိုဘူး....:)))

မေသိမ့်သိမ့်ကျော် said...

သူများလည်း ပြန်ချင်လာပြီ။ အီးးးးး။ နိုချင်တယ်။

အစ်မရေ လာအားကျသွားတယ်နော်။


ခင်တဲ့