Wednesday, March 9, 2011

my cloud

အခုရက်ပိုင်းအလုပ်များတယ်။



ဘိုက်အောင့်လိုက် omeprazole သောက်လိုက်. ခေါင်းတွေ ကိုက်လိုက်…..ပါရာစီတစ်မောသောက်လိုက်. အိပ်ငိုက်လိုက်.. ကော်ဖီတွေေ သာက်လိုက်. ဘိုက်ဆာလိုက်. မုန့်တွေ စားလိုက်. စိတ်တွေညစ်လိုက်. အသာလေးငြိမ်နေလိုက်.




တိမ်တွေ




မလှဘူးလား.ပြော.



မှတ်ချက်
ရင်ထဲမှာစကားတွေအများကြီးရှိသေးတယ်။ ပြောလို့မရသေးဘူး။
ရင်ထဲမှာ မှိုင်းနေသေးတယ်။



12 comments:

PAUK said...

ဝမ်းနည်းသလိုလိုဖြစ်နေရင်..
မနက်စောစော သစ်သီးစားပေး..။
ရေများများသောက်..။


အဆင်ပြေပါစေ..။
(ရယ်စရာပြောတာမဟုတ်ပါ။.)

ပေါက်

မှတ်ချက်။ ။
တိမ်တွေ သွေးကွဲနေသလိုပဲ..။
ှ(လှပါတယ်..။)

ကိုဇော် said...

ချစ်သော မျက်စိနဲ့ ကြည့်ရင် အရာရာက လှပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ရင်ထဲက ပြောချင်နေတဲ့ စကားတွေအတွက်
မိုးတိမ်တွေကို ဘောင်းဘီ ၀တ်ခိုင်းလိုက်ပေါ့
အမရယ် ...

Steve Evergreen said...

တိမ်ကို ချစ်တယ်ဆိုရင် နောက်တခါ ဒီထက်စုံအောင်တင်စေလို ပါတယ်။ တိမ်ဆိုတာ တိမ်ထောင် တိမ်လွှာ တိမ်မျှင် တိမ်ညွန့် တိမ်လုံး တိမ်လှိုင်း တိမ်မဲညို စသဖြင့် အများကြီးရှိပါတယ်။ ခု မမကွန် ဟာတွေက ဒတ်ပုံတွေသာများတယ် အားလုံး တိမ်ဆိပ်ချေးလုံး တွေလိုပဲ ဖြစ်နေတယ်

amayarko said...

တိမ်တွေလှလိုက်တာမမရယ်...,

Mon Petit Avatar said...

Those cloud are so beautiful, Ma Ma KOM. .ပျော်ရွှင်ပါစေနော်.

...အလင်းစက်များ said...

မုန့် တွေ စားလိုက် စိတ်တွေညစ်လိုက်ဆို သိပ်သဘာဝ မကျလှဘူး.. မုန့် တွေ မစားရလို့ စိတ်တွေ ညစ်နေတဲ့ သူတွေကို ခေါင်းထဲ ထည့်ပေး...

ဒါမှ စိတ်သက်သာမယ်....

(အောက်ကိုငုံ့ ကြည့်ပါ အင်ဂျလီနာကွန်းရယ်)

မှတ်ချက်။....။ ခြေထောက်ပဲတွေ့ တယ်တော့ မလုပ်နဲ့ 

စော(အဝါရောင်မြေ) said...

တိမ် ငါးကြင်ကွက်တွေလေ မိုးပြာရောင်ရဲ့ အောက်မှာ လှခြင်တိုင်း လှနေလိုက်တာ။
ဒါပေမယ့် တိမ်တောင်တွေ ရုံးဆင်းခါနီးလာရင်တော့ မကြိုက်ဘူး
မိုးရွားရင် အိမ်ပြန်ရတာ စိတ်ညစ်လို့ ပါ။

ကောင်းမွန်ဝင်း said...

စိတ်ညစ်စရာတွေက တခါတလေ ရှိပါတယ်။
ဒါပေမယ့် ခဏပါ။
အဆင်ပြေ ပျော်ရွှင်နိုင်ပါစေ။
ကျမ္မာရေးလည်း ဂရုစိုက်ပါ။

sosegado said...

ကလောက် ကြည့်သွားသည်

Anonymous said...

အသံထွက်လား. ကလောက် ကလောက်ဆိုပြီး. ခလောက်လိုက်တာလား။

သက်ဝေ said...

တိမ်တွေကတော့ အမြဲတမ်း အမြဲတမ်း ချစ်စရာကောင်းနေတာပါပဲ...

ဓါတ်ပုံတွေ သိပ်လှတယ် မမရေ...း))