Sunday, December 26, 2010

Orchard ရဲ့ည















ပွဲကြိုက်တယ်။ လူရှုပ်ရင်ကြိုက်တယ်။ ရှုပ်ထွေးနေတဲ့ လူအုပ်ထဲ မျောပါနေရတာ ကြိုက်တယ။် ကိုယ့်ကို သူမသိ. သူ့ကို ကိုယ် မသိ တာကို ကြိုက်တယ်။






















Orchard.

မနစ်ကတည်းက သွာြး့ပီးကတည်းက အားခဲထားတာ ကံအားလျော်စွာသွားခွင့်ကြုံတယ်။ ကြိုးတစ်ချောင်း အကျီ်ဝတ်. မိတ်ကပ်လိမ်း. ဆံပင်လေးချ. မှန်ထဲ ခြေဖျားထောက်ကြည့် ဒေါက်ဖိနပ်စီး. နုသွားမယ်ထင်။ ပုရင်နုသတဲ့။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ. ကိုယ်ကျေနပ်ရင်ပြီးတာဘဲ မျက်မှောင်ကြုတ်ကြည့်မဲ့ သူလည်းမရှိ.

လူများတယ်။ ရထားကို ကြပ်တယ်။ အောက်ကနေ အပေါ်တက် ဘို့ကို တန်းစီရသေးတယ်။ အပေါ့်ရောက်တယ။် ပွဲကြည့်တယ်။့ံပုံတွေ ရိုက်တယ်။ ကိုယ့်ကိုလဲ သူရိုက် သူ့ကို လည်းကိုယ်ရိုက်. ဟိုရိုက်ကြ ဒီရိုက်ကြ..



















နေ့လည်ကတည်းက မိုးရွာတယ်။ ရွာလိုက် တိတ်လိုက်. မိုးဖွဲ့ကလေး ကျလိုက်. အဲသည်အ ချိန်က နဲနဲ သက်သာတယ်။ တော်တော်လေးတော့ကြည့်လိုက်ရသေးတယ်။ ဝင်က ချင်လိုက်တာ တပိုင်းသေနေတာဘဲ .ဝင်ရကောင်းမလား သုံးခါ စဉ်းစားနေတုံးမှာ မိုးရွာသွားတယ်။

















ဆိုးထှာ. ပွဲ ကဆက်လို့မရတော့ဘူး. လူတွေ လည်းအများကြီး . အပေါ်မှာ ဟိုယောင်ဒီယောင်လုပ်ပြီး အင်း ပြန်ဦးမှ ပါ. မနက်ဖြန် အလုပ်ရှိတယ် ဆိုပြီး ပြန်လာ ရတယ်။ အဆင်းမှာ တက်ချင်တဲ့သူတွေ တန်းစီနေကြတုံး.........ဓါတ်ပုံတွေ ဗွီဒီယိုတွေ လည်း ရိုက်လိုက်ကြတာ. ကိုယ်တောင် ဘယ်နားက ပါသွားမလဲ မသိ. လူတိုင်း လိုလို ရိုက်နေကြတာဘဲ ရှုခင်းတွေ လည်းရိုက်. ပုံတွေလည်းရိုက်. မီးတွေ လည်းရိုက်. ကိုယ့်အချင်းချင်းလည်းပြန်ရိုက်. မိုးရွာထဲလဲ ရိုက်. ကိုယ်လဲ ရိုက်ချငတာနဲ့ တစ်ယောက်ကို ထိုးပေးပြီး ရိုက်ခိုင်း . အဲသည်အချိန်တိုင်း mr bean ကိုသတိရတယ်။ သူက ရိုက်ခိုင်းတ ဟိုလူက ကင်မရာကြီး ယူပြီးပြေးလို့သူ့မှာလိုက် လိုက်ရတာ. ဒီမှာတော့ ကိုယ့် ထက်ကောင်းတဲ့သူတွေ ချည်းဘဲ။























မှတ်ချက်
အခုတော့တယ်လီဖုံး သုံးလုံးတင်မက. ကင်မရာတစ်လုံးပါ သယ်နေမိပြီ. :(

22 comments:

ညိမ်းနိုင် said...

ထင်သား...သွားလိမ့်မယ်လို့.....လိုက်တော့ရှာချင်သား...
မိုးရွာလို့သွားတော့ဘူး...:)...။ကင်မလာကြီးနဲ့လား...။
အစ်မကွန်တစ်ယောက် ဘလောဂါပီသသွားပြီ...။

Anonymous said...

တို့ ၂။

Myo Win Zaw said...

အမ မကဖြစ်လိုက်ဘူးပေါ့ အမကဖြစ်လိုက်ရင်မိုးရွာမှာ မဟုတ်ဘူး :D

ကိုဇော် said...

ကိုယ့်ကို သူများ မသိစေချင်ရင် မံမီတွေလို ကြပ်စည်းသွားပါလား အစ်မ။

ဘယ်လို ဘယ်လို ကမလို့ ပြင်နေတုန်း မိုးရွာသွားတယ် ဟုတ်လား။ ကျေးဇူး ကိုရွှေမိုး. . . :P

မှတ်ချက်။ ။ ကင်မရာ မသယ်ချင်ရင် မန်မိုရီ ကဒ်လေးပဲ သယ်သွား။ တွေ့တဲ့ နေရာမှာ အသစ်ဝယ်။ ရိုက်ပြီး မန်မိုရီ ကဒ်လေး ထုတ်ပြီး ကင်မရာကို လွှင့်ပစ်လိုက်. . ဒါများ။

rose said...

ဓါတ်ပုံလေးတွေ ကြည့်သွားပါတယ် မမခင်ဦးရေ... စင်္ကာပူ တစ်ခါမှ မရောက်ဖူးသေးဘူး။ ဒီ ရေခဲနေတဲ့ တိုင်းပြည်မှာ အေးလွန်းလို့ စိတ်ညစ်တယ်။ စင်္ကပူ လာလည်ချင်လိုက်တား)

Sunny said...

ပွဲထဲ လျှောက်သွားရတာ ပျော်စရာကြီးပေါ့ မမ..

Unknown said...

ကင်မလာ ဖွင့်ပွဲ လုပ်သင့်ပါတယ်.... အမ...
အဲ.... ဘာကျွေးမတုန်း...:D

ko 9 said...

မိုးမင်းကြီးကယ်ပေလို့.....
ကပစ်လိုက်စမ်းဘာ....
မိုးရွှာ၇င်မိုးေ၇ချိုးမယ်.....
ကိုကိုပြန်လာ၇င်ရိုက်တော့မယ်ဆိုပြီးလေ...ဟဟ

MrDBA said...

အင်း .. မနေ့ညက သွားဦးမလို့ပဲ။ တနေကုန် အပြင်မှာဆိုတော့ လူက ပင်ပန်းသွားတာနဲ့ မသွားဖြစ်တော့တာ။ အရီးကံကောင်းသွားတယ်မှတ် ..:P

Vista said...

ကဒီဘီ မသွားပေလို့ သွားရင် ကင်မလာကြီး ထိုးပေးပီးရိုက်ခိုင်းတာ ကိုဒီဘီဖြစ်နေမယ်

Mon Petit Avatar said...

Hope Ma Ma KOM has enough energy to work today.

Anonymous said...

New Year မှာလဲ ကအုံးမှာ၊ အောချတ်လမ်းမကြီးမှာ
အရင်နှစ်တုန်းက သူတို့တွေ ချာချာ ကနေတော့ ၀င်ကချင်လိုက်တာ၊
မကတတ်ဘူး၊

...အလင်းစက်များ said...

ဖုန်း ၃ လုံးနဲ့  ကင်မလာကို ဘယ်လိုသယ်တုန်းဗျ.. အင်ဂျလီနာဂျိုလီလို စတိုင်နဲ့  ကွမ်းဂျိုလီ များလား.. မြင်ဖူးချင်ပါဘိ....

...အလင်းစက်များ said...

ကွမ်းဂျိုလီမဟုတ်ရင် အင်ဂျလီနာကွမ်းပေါ့.... အဟီး :P

ကို Ps. said...

ဗျို့ အမကြီး
နောက်တခါ ပြောချင်တာကို ပို့စ်ဘော်ဒီသားထဲမှာပဲ အပြည့်အစုံပြောပါဗျ.
အောက်ဆုံးမှာ Ps. တို့ မှတ်ချက် တို့နဲ့ သေးသေးလေး အမြဲထည့်တော့ ..
နောင်ကျ ဒီလိုရေးပါလား
.........................................................................................................................................................................
Ps.
ပိုစ့်တခုလုံး ဒီမှာရေး

Shinlay said...

ပျော်စရားကြီး... လိုက်လည်ပါတယ်။

ခနွဲ said...

မိုးရွာလို့ မသွားတော့တာ။ လာဖတ်သွားပါတယ်။

Moe Cho Thinn said...

မမကို သိနေသူတယောက်က ဓာတ်ပုံရိုက်ပြီး လှမ်းပို့လိုက်လို့ အဲဒီဓာတ်ပုံ ရထားတယ်။ က တာကို ငေးနေပုံပါ။ လိုချင်ရင် ရွေးဗျာ..အဖိုးအခတော့ နည်းမယ် မဟုတ်ဘူး။ :)

7 December said...

Singapore ကိုသတိရတိုင်း လာလည်ပါတယ်.. kom posts တွေဖတ်ရ ရင် singapoe ပြန်ရောက်နေသလိုဘဲ.ပျော်တယ်.. ၁၈ နှစ် လောက် ကျင်လည် ခဲ့တဲ့ နေရာလေးတွေ ဓါတ်ပုံ တွေ မြင်တော့ပြန်သတိရတယ်... ကျေးဇူးတင်ပါတယ်.. singapore ပိုစ် တွေ တင်ပေးလို့ ....

7 December said...

စောစော ထဲက ကြိုတင်ပြောထားမယ်နော်.. ကျွန်တော် ဘလောက်က လာလည် ရင် ကြိုးတချောင်းအကျီနဲ့ မလာနဲ့ အအေးပတ်ပြီးဖျားရင် တာဝန်မယူဘူးနော်... တော်ကြာ ပိုစ် မတင်နိုင်ဘဲနေမယ်...အားပေးနေပါတယ်..

Tin said...

Biz as usual ပါ လား

Steve Evergreen said...

Peninsular သွားနေကျက နေ Orchard သွားတယ်ဆိုတော့ နဲနဲ အဆင့်တက်လာတဲ့ သဘောပဲ