Monday, December 21, 2009

analyzed

တစ်နေ့တစ်နေ့ အန်မတန်အချိန်ကုန်မြန်တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေ အလုပ်များတယ်။ များတော့ဘာဖြစ်သလဲ။ပင်ပန်းတယ်။ ပင်ပန်းတော့ စိတ် မ ရှည်ချင် ဘူး.။ အိပ်ရေးဝအောင်အိပ်ဘို့လဲ အမြဲကြိုးစားရင်း မအောင်မြင်ဘူး။ နစ်ရက်တစ်ခါ ပေါင်း အိပ် သ လို တောင်ဖြစ်နေတယ်။ လာမဲ့ ရက် ၂၅. ၂၆. ၂၇ သုံးရက်က ကံအားလျော်စွာ အားသွားတယ်။ ဘာမှ မ လုပ်ဘူးလို့စိတ်ကူးတယ်။ လူမအား တော့စိတ်မပျော်တာဖြစ်တယ်။ မပြုံးတတ်သလိုတောင်ဖြစ်တယ်။ အားမယ် ဆိုရင်တော့ပြုံးနိုင်မယ်ထင်ရဲ့။

ဟင်းလဲမချက်ပါဘူး ။ပန်နီဇူလာက ခေါက်ဆွဲသုပ်ကို ဝယ်လာပြီးမနက်တစ်ထုပ် ည တစ် ထုပ်စားတယ်။

ကျောင်းစာပြန်ဖတ်ဘို့ကြိုးစားနေတယ်။ ပညာရှိမှ ညာဏ်ရှိမယ်မဟုတ်လား။ စာဖတ်ဲ့တဲ့ score မှာ bar graph က အောက်ဆုံးမှတ် မှာရောက်နေတယ်။ ဘလော့လုပ်တာ စာမဖတ်ဖြစ်ဘူး. ဘလော့ဆိုတာ အရင်ဖြစ်ခဲ့ရင် ဘွဲ့တောင်ရခဲ့ပါ့မလားစဉ်းစားမိတယ်။

27 comments:

Steve Evergreen said...

:)

Steve Evergreen said...

အသိခေါက်ခက် အဝင်နက်တဲ့ မမခင်ဦးမေ

Shinlay said...

အနားယူလိုက်ပါအုံး....

ချမ်းမြေ့ရင် said...

၂၄ရက်နေ့ ကလည်း နေ့တ၀က်ပိတ်ပေးသေးတယ်လေ၊ခရစ်မမတ်ဒင်နာဆိုပီး၊ ဒီအပတ်တော့
တနှစ်စာအတိုးချနားလိုက်တာအကောင်းဆုံးပါ။

Creative Light said...

Stress..stress...:D

Unknown said...

ဟုတ်တယ်ဗျ..စာမဖတ်ဖြစ်ဘူး။ စာမလုပ်ဖြစ်ဘူးဆို ပိုမှန်မယ်။ ကျွန်တော်ဆို တစ်ခါတစ်လေ ကျောငးတောင် လစ်ပြီး ဂင်းတာ။ :)

သူရိန်မင်း said...

အင်း...အားတဲ့ရက်မှာ စာတွေဖတ်နိုင်ပါစေဗျာ။

ADDRESSEE said...

စာဖတ်ရင်အိပ်ခြင်လာတယ်

ကောင်းကင်ပြာ said...

မမ အားတဲ့ရက်မှာ တရက်လောက် အိပ်ရေးဝအောင် အိပ်လိုက်ပါ၊ စိတ်ပျော်ပါစေ..

ရွှေရတုမှတ်တမ်း said...

မှန်လိုက်လေ ဂျီးတော်ရာ

Ree Noe Mann said...

25 ရက်နေ့ လာခဲ့ပါနော်။
မလာဘူးဆိုတာ သိပေမယ့် လာစေချင်ပါတယ်။

Bino said...

Take easy....
Keep away from blogspot....
Go to cinema....
Go to Sentosa.....
Wearing a new dress....

BINO

နေ၀သန် said...

ချစ်မကြီး.. စာကြိုးစားတော့မယ်ပေါ့... ဟီးဟီး

Rita said...

အိပ်ဖို့ကြိုးစားတာလဲ မအောင်မြင်ဘူး။
ဘလော့သာ အရင်ပေါ်ခဲ့ရင် ဘွဲ့တောင်မှ ရခဲ့ပါ့မလား။

တူတူပဲ မမ။

သူ့ကိုသော်မှ မလွမ်းအား...

လွမ်းတာတောင် အချိန်လုပြီး လွမ်းရတယ်။ တခါတလေလဲ post တင်ရင်း လွမ်းတာပေါ့။

Nay Lin said...

မပြုံးတတ်၊ ဟင်းချက်စရာမလို၊ စာမဖတ်ဖြစ်၊
အားကျစရာ;)

ချစ်ကြည်အေး said...

မမ...ဘာအကြောင်းကြောင့်ပဲ ဖတ်ဖြစ်ဖြစ် စာဖတ်တာ ကောင်းပါတယ်...ညီမလဲ အိပ်မရတဲ့ ပြဿနာပဲ....ခံစားပေးနိုင်ပါတယ်မရေ...။ နားဖို့လဲ လုံလောက်တဲ့ အချိန်တခု ရှိရမှာပေါ့...၊

သုခုမလေဒီ said...

အေးဆေးပေါ့း)))

Bagothu said...

မနာလိုမဖြစ်နဲ့နော် ပြီးခဲ့တဲ့ sunday မှာ နေ့ခင်းဘက် (3) ခါပြန်အိပ်ဖြစ်တယ်။ စိတ်ကိုချလိုက်ရင် အိပ်ပျော်သွားတာပါဘဲ။

မိုးခါး said...

ညီမက ဘယ်လောက် အိပ်အိပ် အိပ်လို့မ၀တာ
ဘီလိုလုပ်ရဘ :D ပျင်းတာပေါ့နော်း)))

ဆောင်းချမ်းမိုး said...

အရီးKOM
အလှူလာဖိတ်ပါတယ်ခင်ဗျာ
မလာဘူးဆိုတာသိပေမယ်လဲ...

ကလူသစ် said...

BA (Blog) တော့ရမှာပါဗျာ

ကြည်ဖြူပိုင် said...

ဟားဟား
သဘောအကျဆုံးကတော့
ဘလော့ဂ်သာအရင်ပေါ်ခဲ့ရင်
ဘွဲ့တောင်ရပါ့မလား တဲ့
တူလိုက်လေ
မှန်လိုက်လေ
နဖူးမှာအာလူးသီးတောင်ထတယ်
:D

Moe Cho Thinn said...

မမ
အနားယူတဲ့အနေနဲ့ ကိုယ်အပျော်ရွှင်ဆုံးဟာကို စိတ်ပါ လက်ပါလုပ်ရင်း နားလိုက်လေ..
(အင်းးး ဘလော့ပဲ ဖတ်မှာ ထင်ပါရဲ့)

Vista said...

BSC ( Blogany )ဘွဲ့ တော့ရမှာပါ မမ...

ksanchaung said...

တို့ကတော့ ခုတလော ဘလော့ဂ်နဲ့ ဝေးရာမှာ စာအတော်ဖတ်ဖြစ်တယ်ပေါ့။ ညှင်းညှင်းညှင်း။

ဇွန်မိုးစက် said...

အိပ်ချိန်နည်းပြီး လုပ်စရာတွေများနေသလိုပဲ။ စနေ၊တနင်္ဂနွေကျမှ အတိုးချအိပ်မယ် ကြံစည်တာလည်း မအောင်မြင်ဘူး မမရေ။ အချိန်သိပ်မရလို့ ဘလော့တောင် ကောင်းကောင်းမဂင်းနိုင်သေးဘူး။ ခုလာမန့်တာတောင် အိပ်ချိန်ထဲကဖဲ့ပြီး မန့်ရတာသာ ကြည့်ပါတော့။

ကိုရင်နော်ခင်လေးငယ် said...

စိတ်လျှော့ပါကွယ်...
မမဦးဦးရယ်...


:) :D

PS. ဆီပုံးလေး အိမ်မှာ ပြန်ငှားထားပြန်ပြီ

ခင်မင်စွာ ချစ်ခြင်းအားဖြင့်