Wednesday, October 28, 2009

coolblog


















အခုတစ်လော သောက်ချင်နေပြီး..သောက်ဖြစ်နေတာကတော့ coolblog ဘဲ။ အဲဒီဆိုင်တွေ မလေးမှာလဲတွေ့တယ်။ စလုံးမှာလဲတွေ့တယ်။ ဘာအဓိပ့ါယ်ရှိမှန်းမသိပေမဲ့သူများတွေ သောက်နေတာ အတော်လေးမြင်တာနဲ့ သောက်ကြည့်ချင်စိတ်ရှိပြီး သောက်ကြည့်တယ်။


မှာမိတာ ဘာလဲ.. Chendol ထင်တယ်။ အချိုများမယ်ထင်မိသေးတယ်။ သကြားရည်တွေ နစ်ဇွန်းတောင်ထည့်တော့လန့်သွားတယ်။ ဟာ. အဲသလောက်မထည့်ပါနဲ့ ။ လျော့ပါ ဆိုတော့ မလျော့လိုဘူး အရသာ မရှိဘူးဖြစ်သွားမယ်တဲ့။ အင်း.. ဒီလိုဆိုတော့လဲထည့်ပါလို့ဘဲပြောရတော့တာပေါ့။

ဘာတွေညာတွေ အသီးတွေ နို့တွေ ရော..ပြီးတော့ရေခဲနဲ့ရော။ မွေစက်ထဲထည့်လိုက်ပြီးထွက်လာတဲ့အရည်ကို ဗူးကလေးထဲထည့် ပြီးတော့ စက်ကလေးက ပလက်စတစ်နဲ့အုပ်ပေးသေးတယ်.လှတပတ ထွက်လာတဲ့ ဗူးကလေးကို စတောကြီးကြီးနဲ့ ဖောက်ပြီးသောက်ရတယ်။

ဖောက်စရာ အပေါက်ရှာမတွေ့လို့ဘေးက ကလေးမ ကို မေးကြည့်ရသေးတယ။် အဲဒါနဲ့မပြီးသေးဘူး မသောက်ခင် သေချာ လှူပ်ပါဦးလို့ဆိုင်က ချာတိတ်မက မှာလိုက်သေးတယ။် တောသား မြို့ရောက်ဖြစ်နေတာ လူသိနေလို့နဲ့တူပါရဲ့။ သောက်ကြည့်တော့မဆိုးဘူး။

နောက်နေ့တွေလည်းသောက်ချင်နေလို့ကာ အင်းလေ မဖြစ်သေးပါဘူး ဒီလောက် အကောင်းစားတွေစားနေရင် မဖြစ်သေးဘူး . ဆိုပြီး သောက်ချင်စိတ်ကို မျက်နာလွဲထားရတယ်။

25 comments:

သူကြီးမင်း (တုံးဖလား) said...

မသောက်ဖူးဘူး။
ဘယ်လို အရသာ ရှိပါလိမ့်။

သူကြီးမင်း (တုံးဖလား) said...

ထူးထူးဆန်းဆန်း ထိပ်ဆုံးက နံပါတ်တစ်ဖြစ်နေပါရော့လား။ နှိပ်သဟ။

MrDice said...

နိပ်တယ်ဆို...စီဗုံး လာစောင့်လေ။

Moe Cho Thinn said...

သောက်ချင်တယ် မမ။ သစ်သီးဖျော်ရည် ဆို ကောင်းမှာ သိနေတယ်။ အအေး ကြိုက်တယ်။

Steve Evergreen said...

ဪ ဘလော့ဂါကြီးဆိုတော့ သွားလေရာမှာတောင် ဘလော့နဲ့မလွတ်တော့ဘူးပေါ့။ :)

coolblog က စင်ကာပူမှာ ၂၀၀၅ ထဲကစရှိတာလို့ အိမ်ကိုလာလည်တဲ့ အဲဒီကသူငယ်ချင်းက ပြောတယ်။

Nge Naing said...

အဲဒါကို ကျွန်မသားလေးက အမြဲတောင်းသောက်လို့ အမြဲဝယ်တိုက်ရတယ်။ သူတို့သုံးတဲ့ နို့က Skim milk မဟုတ်လို့ ကျွန်မတော့ တခါမှ မသောက်ဖြစ်ဘူး။ နို့မပါပဲ အသီးသန့်သန့်ကို ကြိတ်ထားတဲ့ အရည်ပဲ သောက်ဖြစ်တယ်။

Steve Evergreen said...

ဟုတ်တယ်။ အိမ်မှာတော့ Semi-skimmed milk ပဲသောက်တယ်။ Skimmed milk ကျတော့ ကျဲလွန်းတယ်။ Whole milk ကျပြန်တော့ လဲပြစ်လွန်းပြီး အဆီတွေများတော့ အိမ်ကကြောင်တွေ နို့ကြက်ဥ တိုက်ရင်တောင် semi-skimmed milk ပဲသုံးတယ်

ဂျပန်ကောင်လေး said...

း).. အကြောင်းအရာကတော့ သိပ်မများပေမယ့်.. ရေးတတ်လွန်းတော့ ဖတ်ရတာ ပျော်စရာကြီး.. ဒါနဲ့ coolblog ဆိုတာမသိဘူး.. ဟိ.. ဟိုဂျယ်လီတွေရောထဲ့ထားတဲ့ ဘူးနဲ့သောက်ရတဲ့ဟာလား....

pandora said...

Chendol ကိုကြိုက်တယ်.. ထန်းလျက်လေးနဲ့ အုန်းနို့လေးနဲ့ မုန့်လက်ဆောင်းဖတ်လေးတွေနဲ့ ပဲနီနီလေးနဲ့.. မြန်မာအရသာနဲ့တူတယ်.

ရေတမာ said...

အသံမထွက်တတ်တာနဲ့တင် သောက်ရမှာမဟုတ်ဘူး

fall leaf said...

ဒီမှာတော့..ဒီလိုမျိုးဆိုင်တွေ များတယ်..
အခု..
ဆောင်းဝင်ပြီဆိုရင်တော့ သူတို့ အရောင်းပါးကြတယ်။။

Su said...

Evergreen အိမ်ကကြောင်ဖြစ်ချင်လိုက်တာ

Rita said...

သောက်တာတောင် blog ဆိုပါလား။
:)

ဒဏ္ဍာရီ said...

မမကတော့နော် အအေးသောက်တာတောင် blog နဲ့မလွတ်ဘူး။း))

ခင်မင်လေးစားလျှက်

AMK said...

taro milk tea ပဲကြိုက်တယ် pearl ပါရင်တော့ ရွှေပဲ

sweetpeony said...

ကြိုက်၏..
ကြိုက်ပါ၏...
း)

ရွှေရတုမှတ်တမ်း said...

ဂျီးတော်အိမ်ရောက်မှပဲ စိတ်ချမ်းသာတော့တယ်...
ဘယ်သွားသွား...ကမ္ဘာပျက်နေကြနေကြလို့...
ဘယ်အိမ်မှတောင် မသွားချင်ဘူး..
အားအားယားယား..ဘယ်သူများ ဆပ်ဆော့လိုက်တယ်..
မသိပါဘူး.....

စိမ်း... said...

ပုလဲလေးတွေ သိပ်ကြိုက်... :)

ကောင်းကင်ပြာ said...

တခါပဲ သောက်ဖူးတယ် မမ.

သူရိန်မင်း said...

မုန့်လုပ်ဆောင်းပဲ ကြိုက်တယ်၊ အဲဒါက မသောက်ဘူးလို့ မကြိုက်ဘူးဗျာ .... :)

mae said...

chendol ကို မုန့်လက်ဆောင်းနဲ့ တူလို့ ကြိုက်တယ်၊ ဒါပေမယ့် အရည်ချည်းပဲ ဆိုရင်တော့ ကြိုက်ပါ့မလား မသိဘူး၊ နောက်လ ပြန်လာရင် ဝယ်တိုက်ပါ မမ

Su said...

where is it? i also want to drink chendol :D

Su said...

where is it? i also want to drink chendol :D

rose of sharon said...

သောက်ကြည့်ချင်သား :D

TZA said...

အဲဒါတွေ များများသောက်ရင် မကောင်းဘူးပြောတယ်၊ လျှော့သောက်ပါ။