Tuesday, June 16, 2009

Yangon 21



ရန်ကုန် အဆုံးသတ်နားမှာတော့စိတ်မငြိမ်တော့ပါဘူး။ ဟိုရောက်ဒီရောက်ဖြစ်လာပါပြီ။ ဟိုဟာနဲ့ဒီဟာ နဲ့လည်း ပေါင်းစပ်ခွင့်ပြူပါ။ ဟိုကျော်ဒီကျော်လည်းလုပ်ပရစေ။ စာအများကြီး ရေးချင်သော်ငြားလည်း အခုတစ်လော ဘလော့လျှော့မယ် လို့ စိတ်ကူးထားလို့ သိတ်မရေးနိုင် တော့ဘူး။ နဲနဲနဲ့ဘဲ ကျဲကျဲဝိုင်းရတော့မယ။်


တယ်လီဖုံးလျောက်ဦးမှ ဆိုပြီး လမ်း ၄၀ ဝန်းကျင်က ဆက်သွယ်ရေးရုံး ကိုသွားပါတယ်။ လျောက်ဘို့ ကလျောက်လွာကို ဝယ်ြီပီး စာအိတ်နဲ့ထည့်ရုံဘဲလို့ဆိုပါတယ်။ အဲဒါနဲ့ ဖုံ့းမျိုးစုံ လျောက်လွာနဲ့စာအိတ်တွေ ဝယ်ပြီး (ဘယ်က ဝယ်သလဲ သိချင်ရင်တော့ ရန်ကုန်က လူတွေ ကိုသာ မေးကြည့်ပါတော့) လမ်းထိပ်က အထမ်းသည် အသုပ်စုံမှာထိုင်ပြီး ကြောက်ကြောက်နဲ့ဘဲ အသုပ်စားခဲ့တယ်။ စာရင်းချုပ်လိုက်တော့အဲဒီစာအိတ် တွေ တစ်နေရာမှာမေ့ကျန်ခဲ့မိတယ။် မလျောက်လိုက်ရဘူး။ ဟိုနေ့က လှယဉ်ကျေးမယ် မျိုးမေးထားတာ သပွတ်သီးဟင်းနဲ့မြင်းခွာရွက် ဟင်းချိုပါ။ ဘုတ်အုတ် လှန်ကြည့်တော့မှ မှတ်ထားတာတွေ့တယ်။ အသုပ်စုံစားလို့ ကောင်းသလား. မေးနေရသေးလား ။ကောင်းတာပေါ့။ ဒီကလွမ်းနေတာ ကြာပြီ။

28 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

Lovely...

Keep going..,

:))

Anonymous said...

အီးပန်းမယ်
mm

Anonymous said...

ပြန်ရောက်ဖြစ်ရင် စားတော့စားချင်တယ် ကြောက်တယ် အမရေ...အမှားမခံတော့ဘူးဗိုက်ထဲက... မမ စားရဲတယ်နော်....

mie nge

Anonymous said...

စားချင်လိုက်တာ မကြီး kom ရေ

mae said...

မမ အသုပ်ဆီ အာရုံရောက်သွားလို့ မို့လား.. စာရွက်ပျောက်တာ

စားချင်တယ်

Steve Evergreen said...

"တယ်လီဖုံးလျောက်ဦးမှ ဆိုပြီး လမ်း ၄၀ ဝန်းကျင်က ဆက်သွယ်ရေးရုံး ကိုသွားပါတယ်။ လျောက်ဘို့ ကလျောက်လွာကို ဝယ်ြီပီး စာအိတ်နဲ့ထည့်ရုံဘဲလို့ဆိုပါတယ်။ အဲဒါနဲ့ ဖုံ့းမျိုးစုံ လျောက်လွာနဲ့စာအိတ်တွေ ဝယ်ပြီး (ဘယ်က ဝယ်သလဲ သိချင်ရင်တော့ ရန်ကုန်က လူတွေ ကိုသာ မေးကြည့်ပါတော့"

ဟိုတုန်းကတော့ ဦးစိုးသာတို့ ဦးအောင်သောင်း တို့ရှိတော့ တော်တော်အဆင်ပြေတာပဲ။ အခုသူတို့ရှိကြသေးလားမသိ။

D Soe said...

အသုပ်စုံစားချင်သွားပြီ... ။ :P

tg.nwai said...

မမရယ်..တခါတလေလေး ပြန်လာတုန်းစားရတာ..ရဲရဲသာ စားလိုက်ပါ..ဒီကတောင် စားနေတာ ကြာပြီ..ဘာမှ မဖြစ်သေးဘူး...ထိုင်စားနေရင် မြင်နေရင် ဟိုတွေးသည်တွေး တွေးမိနေရင် မစားရမှာစိုးလို့..သူများတွေကိုပဲ ၀ယ်ခိုင်းပြီးစားတော့တယ်..ဟဲဟဲ

နဒင်း said...

သပွတ်သီးဟင်းနဲ့မြင်းခွာရွက် ဟင်းချိုပါ တော်တော်ကောင်းလားဟင်၊

ဒါနဲ့ တယ်လီဖုန်းများ သွားလျောက်စရာလိုသေးလား
ဒီမှာ အားကြီး.....( ..... )

Anonymous said...

အစ်မ..တယ်လီဖုန်းက ၀ါသနာအရလျှောက်တာများလား..ဟင်...။

အသုတ်စုံက ဒီလိုပဲ..ဘယ်လောက်ဝမ်းပျက်ပျက်စားကိုစားချင်တာ..။
ပြီးမှ ဖြစ်ကာမှဖြစ်ကရော...နော်..။

Anonymous said...

အစ်မ..တယ်လီဖုန်းက ၀ါသနာအရလျှောက်တာများလား..ဟင်...။

အသုတ်စုံက ဒီလိုပဲ..ဘယ်လောက်ဝမ်းပျက်ပျက်စားကိုစားချင်တာ..။
ပြီးမှ ဖြစ်ကာမှဖြစ်ကရော...နော်..။ Mirror

Sein Lyan Tun said...

ဘာဖြစ်လို့လျှော့မယ်ပြောတာလဲမကြီး... ကျဲကျဲပဲရေးမယ်ဆိုတော့ အလုပ်များလာလို့လားမကြီး...
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

blar said...

ဖုန်းလျှောက်ခြင်းသည် ဆက်သွယ်ရေးမှ ဘော်တယ် ကုလားထံ ပိဿချိန်နှင့် စက္ကူရောင်းရန် သွားပေးခြင်းဖြစ်သည် ဒါမှမဟုတ် ဆက်သွယ်ရေး ၀န်ကြီးသမီးနှင့်မြေးများ တောင်ခြစ်မြောက်ခြစ်လုပ်ရန် တဖက်လွတ်စက္ကူများသွားပေးခြင်းဖြစ်သည်။

MANORHARY said...

I miss it too :(

Anonymous said...

ရန်ကုန်မှာနေတုန်းကတော့ မတော်တဆများရမလားရယ်လို့ လျှောက်လိုက်ရတာအမော ရတော့ရသွားပါတယ် ၀ယ်လိုက်လို့ :) သူတို့ဆီကသာမျှော်ရရင်ဖြင့် ....

အသုတ်စုံစားချင်တယ် ကြိုက်တယ် :(

avocado

တောင်ပေါ်သား said...

စားချင်လိုက်တာ အသုတ်စုံလေးရယ် ဟင်းချိုလေးရယ် အဟင့်


လေးစားလျက်
တောင်ပေါ်သား

:P said...

မမရယ်.. တင်သမျှထဲမှာ ဒီပုံကို သွားရည် အယိုဆုံးပဲ...။
ဖုန်းလျှောက်လွှာပျောက်လည်း ဘာအရေးလည်း မမ...။
မမက သူငှေးပဲ... အဲလေ.. သူဌေးပဲ...။
ဖုန်းတွေကို လက်ပစ်ဗုံးခါးချိတ်သလို အစီအရီချိတ်နိုင်သေးတယ်.. ဟုတ်တယ်မဟုတ်လား...။:))

RePublic said...

မဂွိစ်မောနင်းပါ ၊၊ လုပ်ချင်လုပ်ရေးချင်တာ ရေးပါ ၊၊ ဒါပဲကောင်းပါတယ်

ကောင်းကင်ပြာ said...

ဟီးးးးးးးးးးးးစားချင်စရာပါလားနော်

Anonymous said...

ဟုတ်ပါ့။ မမကလည်း ဖုန်းလျှောက်တာ အတော်စိတ်ပါပုံပဲ။ ကျွန်တော့်အိမ်က အဒေါ်တွေကတော့ ပြောပါတယ်။ လျှောက်သာလျှောက်တယ်၊ မရတာနှစ်နဲ့ချီလို့။ ငါတို့ အရင်ဘ၀တုန်းက ဖုန်းကြိုးဖြုတ်ခိုးတဲ့အလုပ်များ လုပ်ခဲ့မိလို့လားမသိဘူးတဲ့။ :D ပြီးခဲ့တဲ့နှစ်က စိတ်မရှည်တော့လို့ ၀ယ်လိုက်တယ်။ ဟိုတလောလေးကတော့ သူတို့ဖုန်းလျှောက်လွှာလည်း ကျပြီဆိုပဲ။

Anonymous said...

စားစရာတင်သမျှ လိုက်စားချင်နေတော့ ခက်တယ်။ ခုလို စုံစီနဖာဆို ပိုဆိုး။ ဟင့်......... မမ... လူဆိုး

myo said...

မရမ်းသီးကြော်မှတ်လို့ စားချင်တာ..
သပွတ်သီးဟင်းတော့ မစားဖူးဘူး..း)။

ဖုန်းကဒီလိုပဲ လျှောက်လိုက်တာ သူငယ်ချင်းတွေထဲကတော့ ပေါက်ဖူးတယ်..

အဲဒီအထမ်းသည်တွေဆီက ရခိုင်မုန့်တီကလည်း စားလို့ကောင်းမှကောင်းပဲ.. (မမပြောသလို ကြောက်ကြောက်နဲ့ကောင်းရတာ)

မိုးကောင်းသူ said...

သပွတ်သီးဟင်းစားချင်တယ်။

Rita said...

ထမင်းမစားရသေးခင် ၀င်ကြည့်မိတာ မှားပေါ့ မှားပေါ့

သက်ဝေ said...

မမတို့များ မနိုင်ဘူးဟေ့...
ရန်ကုန် ခဏအလည်ပြန်တာ ဖုန်းလျှောက်ဖို့ တောင် ကြိုးစားခဲ့သေးသတဲ့...
အသုပ်စုံကိုတော့ ရဲရဲမကြည့်သွားဘူး..
ကြောက်လို့.. (စားချင်စိတ် ထိန်းမရမှာကို ကြောက်တာပါ)

ဝက်ဝံလေး said...

စားချင်လာပြီ အသုပ်စုံ အဟင့် အဟင့် လုပ်ပြန်ပြီ မစားရတာ ကြာပြီ လွမ်းလိုက်တာနော်

TZA said...

လှယဉ်ကျေးမယ် ဆိုတဲ့နေရာမှာ ခွိခနဲရီမိတယ်။ နာမည်တွင်သွားပြီပဲ..

kma said...

စားရဲလိုက်ထှာ..... သနားပါတယ် မkom ရဲ့ ဗိုက်ကို..။