Friday, June 5, 2009

me. author

ကိုယ်စာရေးဆရာမဟုတ်ပါဘူး။ ဒါပေမဲ့စာရေးချင်တဲ့သူပါ။ သော်တာဆွေက စာရေးခါနီးကျရင် ရည်းစားစာတွေ ထုတ်ဖတ်သတဲ့။ တို့ကတော့ သီချင်းနားထောင်ချင်ရင်ထောင်. ဓါတ်ပုံတွေ ထုတ်ကြည့်။ သေချာတာကတော့ မိုးချုပ်မှ ရေးလို့ ရတာဘဲ။သန်းကောင်ကျော်မှ ရေးဖြစ်တာချည်းဘဲ။ မင်းသမီးများ အမျိုးတွေ က သူ့ပွဲကို လာကြည့်မှာ စိုးသလို ကိုယ်ကလည်း တစ်အိမ်ထဲနေတဲ့သူက မြင်မှာကို စိုးနေမိသေးတယ။်

32 comments:

kkmg said...

i dont wanna say.. I AM THE FIRST...

မြစ်ကျိုးအင်း said...

ညဘက်မှရေးတတ်တာချင်းတော့တူတယ်အမရေ

Ree Noe Mann said...

ဟုတ်တယ် အမရေ
အသံတိတ်မှ ရေးရတာ အဆင်ပြေတာလေ။

ရီနို

Moe Cho Thinn said...

သန်းခေါင်ကျော်မှ ရေးတာ အချိန် တရက်ခိုးတာလဲ ပါတာပေါ့လေ။
(ဖြည့်စွက်ခြင်း)

Dr. Yi Yi Win said...

ကိုယ့်ရဲ့စိတ်ကူးကောင်းကောင်းပေါ်လာတဲ့အချိန်ရေးတာ စာကောင်းကောင်းထွက်တာပေါ့မကြီးရာ( သန်းကောင်ကျော်ထရေးပြန်ပြီ၊ ရုံးချိန်အတွင်းရေးနေပြန်ပြီဆိုတဲ့ ဘေးစကားတွေကို အရေးမလုပ်ပဲပေါ့။) ကိုယ့်ကျန်းမာရေးနဲ့ ကိုယ့်အလုပ်ကိုမထိခိုက်ရင်ပြီးတာပဲမဟုတ်လား နော်။
စာကောင်းကောင်းဆိုတာကလည်း ကိုယ့်ရဲ့ ဆိုလိုချက်ကို ပေါ်လွင်စေတဲ့စိတ်ကူးမျိုး အရေးမျိုးကိုပြောတာပါ။ မကြီးပြောချင်တာတွေက မကြီးစာတွေမှ ထင်းကနဲပေါ်လွင်တာ ဒါကြောင့်ဖြစ်မယ်။

Dr. Yi Yi Win said...

သြ..သန်းခါင်ကျော်လို့ ရေးရတာထင်တယ်။ မှားသွားလို့ :p

AOL said...

သြော် အဲဒီလိုလား ... အင်း ဖြစ်တတ်ပါတယ် ...
ကလောင်ဘရန်းနယူးလေးတွေဆိုတာ အဲဒီလိုပဲ ... ဟတ်ဟတ် ...
ကိုယ်တို့လို့ အိုးလ်ဒ်ပဲန်ပိုင်ရှင်တွေကတော့ ဘယ်နေရာမှာပဲ ရေးရရေးရ အိုကေတယ်လေ ... သိတယ်မှုတ်လား ... ဟင်းဟင်း ...

ကောင်းကင်ပြာ said...

မမရေးတာ ဖတ်ပီးမှ အိပ်ပျော်တယ်

Sein Lyan Tun said...

တစ်အိမ်ထဲ နေသူကို ဒီလောက်တောင် ကြောက်ရလားမကြီးရယ်... (ယုံလိုက်တော့မယ်)

ကျနော်ကတော့ လမ်းသွားရင်လဲ စိတ်ထဲစဉ်းစာမိတာကို
စာရွက်ပေါ် ချရေးတတ်တယ်
မေ့တတ်လို့..
များသောအားဖြင့် မကျေနပ်ချက်တွေ...... ချရေးမိတာပါ...
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

Steve Evergreen said...

"သော်တာဆွေက စာရေးခါနီးကျရင် ရည်းစားစာတွေ ထုတ်ဖတ်သတဲ့။ တို့ကတော့ သီချင်းနားထောင်ချင်ရင်ထောင်. ဓါတ်ပုံတွေ ထုတ်ကြည့်။"

ရည်းစားစာတွေကဘယ်ရောက်ကုန်လို့လဲ။ ဘာဓာတ်ပုံတွေထုတ်ကြည့်တာလဲ။ ရီးစားဟောင်း အခြောတ်တွေရဲ့ပုံတွေလား။

မီယာ said...

မမ သန်းခေါင်ကျော်ရေးပြီးတာကို စောင့်ပြီး မန့်တဲ့ သူတွေလည်း အများကြီး။ အချိန်အများကြီးကွာတဲ့ သူတွေဆို ကော်မန့်နေရာကောင်းတောင် ရသေး။ ဆက်သာရေးပါ မမရာ ညည လသာသာ...

Anonymous said...

ညအခါ ငါ စာရ..
မမ ၀၀ ထထ က
(မမီယာနောက်ကနေ လိုက်ရွတ်ဆိုနေတာ)


Xထုံ

D Soe said...

ဟုတ်တယ်...ညဘက်မှာ စာရေးရတာ အမိုက်ဆုံးပဲ...။:)

ရေတမာ said...

ကြည့် အားနာပြန်ပြီ

Anonymous said...

that's my favourite part of the day to write !! at that time, nobody can peep my script and no one can call me to help these and that and ko ko can not disturb me !
mnhy

JuneOne said...

ဒါကြောင့်လဲ မမပိုစ့်ကိုတခါမှ ပထမ မမန့်ရဘူး။အိပ်ပျော်ပျော်နေလို့။

မိုးခါး said...

နေ့ရော ညရော မမရဲ့ အိမ်မှာတွေ လူတွေကိုစည်ကားလို့ ..း)
မနေ့က ရှမ်းထမင်းနယ်သွားမစားလိုက်ရဘူး
လူပြည့်နေလို့
း(

ZT said...

တခါတလေ အားပါလွန်းလို့ ညသန်းခေါင်ကျော် ဘလော့ခ်ရေးရင်း ငိုက်တောင် ငိုက်တယ်။ :D

tg.nwai said...

အနှောင့်အယှက်မရှိ စာရေးနိုင်တဲ့ အချိန်မှာ ကိုယ့်စိတ်ထဲမှာလည်း တခုခု ရှိနေဦးမှ.. မမက inspiration ရအောင် အဲဒီလို လုပ်တာလား။ နားထောင်ရင်း ကြည့်ရင်းနဲ့ ရေးချင်တာတွေ ပေါ်လာတာမျိုး..ရေးရတာ ပိုအဆင်ပြေလို့လား.. ပို့စ်တွေ စိတ်လို့ နံမယ်ကျော် ဘလော့ဂါ မမကိုအင်တာဗျူးခြင်းပေါ့..ဟဲဟဲ

:P said...

ကိုမဆလာက မမဘလော့ဂ်ကို လာဖတ်တယ် မဟုတ်ဘူးလား....။
ရေးနေတုံး မမြင်စေချင်တာလား....၊ ပရုဖ်ဖတ်ခိုင်းလိုက်ပေါ့ မမရ....။

Anonymous2 said...

Just write.

ရွှန်းမီ said...

ရေးသာရေးပါ မမရာ
ညည လသာသာ
ညအခါ စာရေးရ
မမ ညည အိပ်ရေးမဝ

(မမီယာ နဲ့ မXထုံ ကို ဟိုက်လိုက်လာလုပ်သည်။)

တန်ခူး said...

အဲဒါဆို လုံးဝမသိအောင် ရေးတာပေါ့… လျို့ ဝှက်သောနှင်း… ဟုတ်ပါဘူး.. လျို့ ဝှက်သောမေ ပါပဲ…

Andy said...

သီချင်းနားထောင်၊ ဓာတ်ပုံထုတ်ကြည့်ပြီး ညနက်မှရေးတဲ့စာကလဲ
သုံးကြောင်း တဲ့။ GRRRRRRRRRRRR :{

Rita said...

ဟုတ်တယ် မမ။ ကျွန်မလည်း ကိုယ်ရေးတဲ့စာကို ကိုယ့်ရှေ့တင် ဖတ်နေရင် သိပ်ရှက်တာပဲ။

ဒါနဲ့ စတိနဲ့ စထရိုက်က တယောက်တည်းများ ဖြစ်နေမလား မသိဘူးနော်။ လေသံကတော့ တချိုးတည်းပဲ။ ထောင့်ကို မကျိုးဘူး။

Rita said...

ဟုတ်တယ် မမ။ ကျွန်မလည်း ကိုယ်ရေးတဲ့စာကို ကိုယ့်ရှေ့တင် ဖတ်နေရင် သိပ်ရှက်တာပဲ။

ဒါနဲ့ စတိနဲ့ စထရိုက်က တယောက်တည်းများ ဖြစ်နေမလား မသိဘူးနော်။ လေသံကတော့ တချိုးတည်းပဲ။ ထောင့်ကို မကျိုးဘူး။

RePublic said...

ဝေးးးး မမဂွိစ် ... ဒါပေါ့ ၊ ဟုတ်ပါတယ်လေ ၊၊

လင်းဒီပ said...

မှတ်သားသွားပါတယ်..:P

TZA said...

ကိုမဆလာရေ.. လုပ်ပါအုံး..

MrDBA said...

ဘုရား ..ဘုရား

ရှေးစာဆို said...

စာဖတ်ပြီး သဘောကျသွားတယ်။ စာအရေးအသားရဲ့ ပြေပြစ်မှု အတွေးဖော်ပုံက ကွက်ခနဲကို မြင်နိုင်လိုက်စေတယ်။ တိုတိုနဲ့ ထိထိ တစ်ကယ်ကို မိတယ်။

ဂျူနို said...

လိုတိုရှင်းလေ မမ။

ပိုထိရောက်တယ်။

မအယ်ဇီ