Thursday, May 21, 2009

Garden Yangon 11

အားနေလို့ သူများအိမ်လည် သွားကြည့်ပြန်တယ်။ သစ်ပင်တွေ ကိုကြိုက်တယ်။ ခရေပင်စိုက်ခဲ့ဘုး တာ လက်တောက်လောက် ကနေ...အကြီးကြီးဖြစ်လို့ အပွင့်တွေတောင်ဝေနေပြီ။

နှစ်လွာတစ်ရွက် စွယ်တော်


ယုဇနထင်တယ်။



















စပယ်



စက္ကုပန်း



















ဘောလုံပန်း





















ဒန့်ဒလွန်

























30 comments:

ကိုလူထွေး said...

ပန်းပွင့်လေးတွေကို ကြည့်ပြီး ပြန်လည်နုပျိုနေတယ် ထင်ရဲ့...

khet myint myint said...

ဒီတခါဓာတ်ပုံတွေကြည့်ရတာ အတော့်ကိုကောင်းလာတယ်။ (အရင်တုန်းကပုံတွေ မကောင်းဘူး လို့ မဆိုလိုပါ။) ဓာတ်ပုံအယူအဆတွေကိုပြောချင်တာ ။

သားကြီး said...

ဒန့်တလွန်တောင်ရိုက်ရသလားကွယ်
လက်မတုန်တော့ဘူးထင်တယ် အပုံတွေကကြည်တယ်

အိုက်ခီလောက် said...

ပန်းလေးကြည့်ပြီးကြည့်နူးနေတာလား
ငယ်မူပြန်နေတာလား မမ

tz said...

မမ
ရန်ကုန် စီးရီး အဆက်လားဟင်
ပြန်တုန်းက ရိုက်လာတာလား?

မလိခ said...

ဒန့်သလွန်ရွက်ဟင်းခါး သောက်ချင်သွားပြီ... ဟီး ဘာမှတော့မဆိုင်ဘူး...
ရန်ကုန်ပြန်ချင်လာပြီ... မမဆီလာရင် :(

mgnge said...

ကျန်တဲ့ပန်းတွေကို မလွမ်းဘူး...။ ဒန့် သလွန် ကိုတော့ လွမ်းတယ်...။

အော် ..ရာဇ၀င် ...ရာဇ၀င်..

Sein Lyan Tun said...

ပန်းထဲမှာ ရွက်လှပန်းက အလှဆုံး

Mae said...

ဘောလုံးပန်းပုံလေးလှတယ် မမ

ခရေပန်းအရန်းကြိုက်တယ်၊ စင်္ကာပူမှာ Eunos MRT နားမှာပဲ တစ်ပင်တွေ့ဖူးတယ်၊ ဘောလုံးပန်း မမြင်ရတာ ဆယ့်ခုနစ်နှစ်.. စပယ်ပန်းနဲ့ ခရေပန်းမမြင်ရတာ ကိုးလ.. ပြောရင်းနဲ့ လွမ်းလာပြီ၊

JuneOne said...

ဘောလုံးပန်းလှတယ်။

လူမုန်း said...

ပါလာပြန်ပီ ဒီ ဦးဌေးမြင့် ကြီးက.ဘွာတေး ဦးငှေးမြင့်

ဘောလုံးပန်း က မပြည့်စုံဘူး (ဒိုင်လူကြီး မတွေ့လို့) အဲ မှားလို့ ဘောလုံပန်း. ဘောလုံပန်း

Anonymous said...

တကယ်တမ်းက မမြင်ဖူးသေးတဲ့ မခင်ဦးမေအလှဆုံး။ မြင်မှမြင်ဖူးဘဲနော့

ထွန်း said...

နက်ကတိုင် သီးတော့ မရိုက်ခဲ့ဘူးလားဗျ။
(ကြောင်လျှာသီး)

:P said...

ယုဇနပန်းလေး လှလိုက်တာ မမရယ်...။

myo said...

kom: ဒီပိုစ်က ဘောလုံးပန်းနဲ ဒန့်ဒလွန်ကိုအသားပေးထားတယ်။ အရိုးကတော့ မျိုးကိုပေးလိုက်တယ်။

ဒန့်သလွန်ဆို အရိုးရော အသားရော အကုန်ကြိုက်တယ်..
ဘော်လုံးပန်းလည်းကြိုက်တယ် အဲဒီပန်းကိုပန်လို့ရလား..
စွယ်တော်၊ ယုဇန၊ စက္ကူပန်း အားလုံးအားလုံးကြိုက်..

နွေးနေခြည် said...

ဒန့်ဒလွန် စားချင်လိုက်တာ.. အရွက်လေးဟင်းခါးလုပ်သောက်... အသီးလေး ချဉ်ရည်ဟင်းချက် ... ရှလွှတ်

ko said...

YGN Series, FLower Series
to be con:


KO

Moe Cho Thinn said...

ပန်းလေးတွေကြောင့် စိတ်ကြည်သွားတယ်။
ခပ်မွှေးမွှေး ခပ်သေးသေး စံပယ်ဖြူလေး ဖြစ်ချင်တယ်။

tz said...

မမ ပြန်လာမန့်တာ

ဘောလုံးပန်းမြင်တော့ ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ကို သတိရသွားတယ်
သူ့ကို အားလုံးက ဘောလုံးပန်းလို့ ခေါ်ကြတယ်
သူ့ကတုံးဆံပင်ပေါက်က ဘောလုံးပန်းနဲ့လို့

မမ tz က တင်ဇာ နော် မမ စာဖတ်ပရိတ်သတ် :D

တန်ခူး said...

မမရေ… စွယ်တော်ပန်းလေးက လှလိုက်တာ… ဒီမှာက စွယ်တော်ပန်းရောင်သာရှိတာ အဖြူမတွေ့ ဘူး… ယုဇနက စိုက်လို့ ရတယ်… အပင်ကြီးကြီးမှ ပုရွက်ဆိတ်တွေ မနိုင်လို့  လွှင့်ပစ်လိုက်ရတာ… နှမျောမျောနဲ့ … မမစိုက်တဲ့ ခရေပင်ပုံလေး ဘာလို့ မရိုက်ခဲ့လဲ… ဒန့် ဒလွန်ပင်စိုက်ချင်လိုက်တာ… အိမ်ကိုတော့ ဆူးပုတ်စေ့မှာထားတယ်… စမ်းကြည့်မလို့ …

ကောင်းကင်ပြာ said...

မမ ယုဇန ပန်းလေးတွေ ကြိုက်တယ်၊ ဒီမှာတော့ ပလက်ဖောင်းတွေမှာ အလှစိုက်ထားတာ အများကြီးတွေ့ဘူးတယ်၊ ဖြတ်သွားရင် အရမ်းမွှေးတာပဲ

မင်း said...

အမေစုလွတ်မြောက်ဘို. ၀ိုင်းပြီးဆုတောင်းပေးကြပါစို.

Bino said...

ဒန့်သလွန်ရွက်ဟင်းခါး သောက်ချင်ပြီ
ဒန့်ဒလွန် အရွက်လေးဟင်းခါးလုပ်သောက်... အသီးလေး ချဉ်ရည်ဟင်းချက် ...

Thanks for sharing
Bino

Anonymous said...


“ -ို့ ”မထွက်တဲ့ သူများ ဒန့်ဒလွန် ဟင်းခါး သောက်ကြပါလေ

kom: ဒီပိုစ်က ဘောလုံးပန်းနဲ ဒန့်ဒလွန်ကိုအသားပေးထားတယ်။ အရိုးကတော့ မျိုးကိုပေးလိုက်တယ်။သြော်..မျိုးရိုး ဆင်းသက်လာပုံ ထင်ပါ့

ဂျူနို said...

အိမ်မှာ ဒန့် သလွန်ပင်ရှိတယ်။ သီးတာရက်စက်တယ်။
အိမ်နံရံနဲ့ ကပ်စိုက်တားတာ။ သုံးပင်တောင်။

ဘော့လုံးပန်းလည်းရှိတယ်။ သူငယ်ချင်းတစ်ယောက်ကို ဘော့လုံးပန်းလို့ ခေါ်တယ်။ သူ့ ဆံပင်တွေ က အဲ့လိုပုံပေါက်နေလို့ ။

စက္ကူပန်းပင်က အကြီးကြီးရှိတယ်။ အရင်တုန်းက ခုတ်ပစ်ဖို့ ခဏခဏ စဉ်းစားခဲ့တယ်။

ကိုက်လန်တွေကို ရေစင်ဘေးမှာ စိုက်လိုက်တာ။ စားမကုန် ပေးမကုန် လုံမလေးကို သွင်းခဲ့ဘူးတယ်။

ကိုလူထွေး said...

ကိုယ်ကထိပ်ဆုံးကပဲ.. သတိတောင်မထားမိလိုက်ဘူး...
နည်းနည်းတောင် ဘဝင်မြင့်သွားဘီ

Dr. Yi Yi Win said...

ယုဇနပင် ပန်းတွေကြားမှာ ချစ်စရာအဖြေရှိတယ်...ကိုယ့်အချစ်ကို မငြင်းရင်...အဲသီချင်းလေးသတိရတယ်။

ရွှန်းမီ said...

ပန်းပွင့်လေးတွေကိုကြည့်ပြီး ဒန့်ဒလွန်သီးပင်ကို သေချာကြည့်သွားတယ်..
အစက မမြင်ဖူးဘူး..
ကျေးဇူးပါအစ်မ..

သီဟသစ် said...

မမကွမ်းရယ်..

လွမ်းစရာ ပန်းလေးတွေပါလားဗျာ..

ခင်မင်စွာဖြင့်
သီဟသစ်

ခိုင်စိုးလင်း said...

ဘောလုံးပန်းလေးတွေ ငယ်ငယ်တုန်းကပဲ မြင်ဖူးတာ ရန်ကုန်မှာ သိပ်ရှားတယ် ခုဓတ်ပုံထဲ ပြန်မြင်ရတာ ကျေးဇူးတင်ပါတယ်
ခင်မင်လျှက်