Thursday, February 26, 2009

weather report


မနက်ပိုင်း က မိုးလေး မလင်းတလင်း တိမ်တွေက လုနေကြတုံးဘဲ။ အခုတလော ကောင်းကင် ကို ခဏခဏ မော့ကြည့်မိတယ် ဘာဖြစ်လို့လဲ မမေးပါနဲ့ လေယဉ်ပျံကြီး စီးချင်လို့လား။ ရန်ကုန်ပြန် ချင် လို့ ထင်တယ။်




နေ့လည်နေသာတယ။် ကောင်းကင်ပြာပြာနဲ့ တိမ်အုပ်စုက လေးတွေ သိတ်လှတယ။် ။ တိမ် တွေ ကတော့ အမြဲလှနေတာ ပါဘဲ။ အဆုပ်လိုက် အဆုပ်လိုက် စု ထား သ လိုဘဲ။





သွားရင်းလာရင်းလဲ ပန်းပွင့်ကလေးတွေကိုတွေ့တယ်။ အားလုံး မြေစိုက်ပန်းက လေးတွေ ချည်းဘဲ။ ဘာပန်းမှန်းလဲ မသိ. ရန်ကုန်မှာတော့ သိတ် မတွေ့ ဘူးခဲ့ ဘူး။





















စပယ်ပန်းလိုလို ဇွန်ပန်းလိုလိုနဲ ပန်းကလေးကလဲ ကောင်းကင် ကိုမျက်မှာ မပြူ ။ မြေပြင် ကို မျက်နှာပြူလို့ ဘာမှန်းမသိ. ။ သူ့အတွက် စိတ်မကောင်း ဖြစ်မိတယ်။ လောကကြီးကို ကြည့်ခွင့် မရတဲ့သူလိုဘဲ။ သူ့ကိုကြည့်ချင်လို့ မော့ကြည့် ခဲ့ရတယ။် ချစ်စရာ သနားစရာ။















ကြားထဲမှာ မိုးတွေရွာသွားသေးတယ။် heavy ဘဲ။












သင်မီးရထားတစ်စီးကို အစကနေ အဆုံးအထိ ဓါတ်ပုံ ရိုက်ဘူးပါသလား။ သန်းကောင် သန်းလွဲမှ သာလျင် အဲဒီအခွင့်အရေးကိုရပါလိမ့်မယ်။ အစအဆုံး တဖြောင့်ထည်း လည်း ဖြစ်ရမယ်နော်။ စောင့်နေတာကြာပြီ။ ဒီအခွင့်အရေး မနေ့ညကမှ ရလိုက် တယ်။ ဘယ်ဘူတာနားလဲ ဆိုတာတော့ စဉ်းစားကြည့်။ ဆားပုလင်းနှင်းမောင် တောင် လက်မှိုင် ချသွားစေရမယ။်

43 comments:

:P said...

နာ ၁

:P said...

မမက နူးညံ့တာလား.... သာမီးက ကြမ်းတမ်းခက်တရော်တာလား....။
တိမ်တွေကို တစ်ခါမှ မကြည့်ဖြစ်၊ ပန်းတွေဆိုတာ ဝေလာဝေး၊ ဘုရားပန်းဝယ်မှသာ သေချာ ကြည့်တာ...(ညှိုးမညှိုး...) ..

Anonymous said...

ma ma ..flower twe hla tel..

:P said...

အောက်ဆုံးပုံ သေချာကြည့်နေတာ..။ဘယ်MRT လဲ ဘယ်လိုသိပါ့မလဲ... မမကဖြင့် ရထားပေါ်က ရိုက်ထားပြီး..။ လမ်း အရမ်းဖြောင့်တဲ့
MRT ကိုစဉ်းစားရမှာပေါ့.. သူများတွေ မှန်းတာ စောင့်နေလိုက်ဦးမယ်...

Anonymous said...

လာပြီး ဓါတ်ပုံလေးတွေကို ငေးမောသွားပါတယ်။ နောက်တခါကျမှ တို့လဲ မီးရထားကို အဲလို အစအဆုံး ဓါတ်ပုံရိုက်ဦးမယ် :) ဘယ်ဘူတာလဲဆိုတာတော့ မစဉ်းစားတော့ပါဘူး :))

:P said...

ဟယ်... ငါ ၄ ခါ ရှိပြီ..။ လက်လွန်သွားပြီ..။ တော်ဦးမှ

Anonymous said...

သက်တန့်လေးရော မရိုက်ထားလိုက်ဘူးလား မမ
မနေ့က အလုအယှက်ရိုက်နေကြတာတွေ့တယ်။

MRT station မှာ ရပ်ထားတုန်းဆိုရင်တော့ အစအဆုံးမြင်ရမယ်ထင်တယ်
ဘယ်MRTနားလည်းတော့ စဉ်းစားတော့ဘူး။း)

May Moe said...

ဘယ်MRT မှာပါလိမ့် ???

Anonymous said...

မိုးလေဝသ အထူးသတင်းကြေငြာချက်..
မနက်ပိုင်းမိုးအုံ့၊ နေ့လည်ပိုင်းနေသာ..ပန်းများပွင့်လန်း၊ ညနေမရှိတရှိမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး.. MRTစီး..စီး..အဲ. MRT ကဘယ်ကပါလာရတာလဲ..

Anonymous said...

ဒီလောက်ဖြောင့်နေတဲ့MRT မြေအောက်မှာပဲဖြစ်ရမယ်။
အင်း ခရမ်းရောင်လိုင်းလဲဖြစ်နိုင်တယ်ဟိ

MrDBA said...

မရီနာဘေး ဘဲဖြစ်ရမယ်။ မဟုတ်ရင်တော့ ချန်ဂီဗျာ။

Anonymous said...

ပန်းလေးတွေ ချစ်ဖွယ်...
ဖတ်ပြီး ခံစားသွားပါတယ်။

ကောင်းကင်ပြာ said...

ကောင်းကင်ပြာလာဖတ်ပါတယ်၊mrtကတော့စဉ်းစားလို့မရ၊ကျွန်မအိပ်ငိုက်နေမိတဲ့ mrt ထင်တယ်

ကောင်းကင်ပြာ said...

ကောင်းကင်ပြာလာဖတ်ပါတယ်၊mrtကတော့စဉ်းစားလို့မရ၊

ကျွန်မအိပ်ငိုက်နေမိတဲ့ mrt ထင်တယ်

My Diary said...

အမရေ ပုံတွေ လိုအပ်သေးရင် ရောင်းမယ် သိလား
အစကတည်းကပြောရောပေါ့အမရယ်
mrt ကိုသေချာကြည့်တာတော့ မိုနိုပိုလီထဲက mrt လိုလို
ပဲ

Anonymous said...

အဖြေကလွယ်ပါတယ်။ ညသန်းကောင်း သန်းလွဲ, ရထားတွဲတွေကလည်း တဖြောင့်တည်း ဆိုတော့ကာ...မ KOM ဓာတ်ပုံမရိုက်ခင် Next Stop .... လို့ ကြေညာတဲ့ ဘူတာ ဖြစ်ရမယ်။ မှန်ရင် နာမည်ပြောပြပါ။

Anonymous said...

တိမ်တွေကို တစ်ခါမှ ကြည့်ဖူးဘူး ။အဲလောက်နူးညံ့ တာ။ပန်းလည်း အော်လှတယ်ဆိုတာလောက်ဘဲ ။ဟဲဟဲ။ တို့ က
မိန်းမရိုင်းကြီးပါကွယ်။:)

Welcome said...

တိမ်တွေ ထူနေလို့
ရာသီဥတု သာယာတယ်

ရထားကဖြောင့်စင်းစင်းဖြစ်လို့
မိုးစွေစွေလေးရွာတယ်

စဉ်းစားခန်းတွေများလို့
ရထားပေါ် ငိုက်လာတယ်။

( ရာသီဥတုသတင်း ကြေငြာလို့ ပြီးပါပြီ)

Welcome said...

ရန်ကုန်မှာ
မတွေ့ဖူးတဲ့ ပန်းလေးတွေ
ယူလာတယ်
မရှိသေးတဲ့ ဂန်မလေးကို
မျက်နှာလုပ်မလို့ ...

Moe Cho Thinn said...

မမရေ တိမ်တွေရော ပန်းတွေရော လှပါတယ်။
ဘူတာကတော့ Clementi ပါ။ (ဖြီးဖြန်း ရွှီးစ် လိုက်သည်)

MANORHARY said...

မ..ပန်းနီနီနဲ့ဝါ၀ါရောနေတဲ့အခိုင်လေးက
ကြက်တူရွေးပန်းတွေ
ရန်ကုန်မှာရှိတယ် ခြံထဲမှာစိုက်ထားလို့လေ
နောက်နဂါးစက်ဂမုန်းနားကပန်းရောပဲ
တစ်ခုကတော့ယုဇနပန်းနဲ့တူတယ်
တိမ်တွေကိုမော့ကြည့်စိတ်ကူးယဉ်ရတာမောလို့
ခဏရပ်ထားတယ်။

Ko Boyz said...

မာရီနာဘေးက အမ်အာတီပါကွယ်...။ ၀ုဒ်လန်းကို ပြန်တဲ့သူတွေက စီးတီးဟောကနေ ၀ုဒ်လန်း တန်းမပြန်ပဲ.. မာရီနာဘေးကို သွားတဲ့ အနီရောင်ကို စီးပါတယ်။ အဲဒီရထားနဲ့ပဲ ၀ုဒ်လန်းကို ပြန်ပတ်စီးပါတယ်။ ၀ုဒ်လန်းက ရွှေအများစု လုပ်နေကြတဲ့ ပတ်စီး သဘောပါ။ အန်တီဂွိက အရင်က ၀ုဒ်လန်းမှာ နေတာကို.. သူက အလွမ်းပြေ မာရီနာဘေးအထိကို လိုက်သွားတာ...။ မသိတာမှတ်လို့...။

အခုနောက်ဆုံးပေါ် ဂိတ်ဆုံး ကြို့ကုန်း (Joo Kone)လဲ မဟုတ်ရပေါင်ကွယ်...။ ဘီပီအိုင်လဲ မဟုတ်ရပေါင်ကွယ်...။ တို့သိတယ်...။

Anonymous said...

Ko Boyz နဲ့ သဘောတူပါတယ်ဗျို့၊ ဒါပေမယ့် Mr. DBA လည်း ဖြစ်နိုင်တာပဲ။ ချန်ဂီမှာ ရထားရပ်တုန်းက ရထားတစ်စီးလုံးလျှောက်သွားပြီး ဓါတ်ပုံရိုက်ဖူးတယ်။ အစအဆုံးတော့ အမလို စိတ်ကူးမရလိုက်ဘူး၊ ဒါလည်း မိုက်တယ်ဗျ။

Anonymous said...

ဒီလိုပို့စ်မျိုးဆိုရင် တော့ ပို့စ်ဖြစ်ပြိးရော တင်တယ်လို့ ပြောလို့မရတော့ဘူး ။ အားထုတ်မှုပါလာပြီ ။ သရက်သီးပို့စ်မှာ အားထုတ်မှုကို တော့ အသိအမှတ်ပြုသင့်တယ်ဆိုတော့ ဘယ်နားလေးက အားထုတ်တာလဲ ဆိုတာ အတော်စဥ်းစားရကြပ်သွားတယ် ။ ဒီလိုပို့စ်မျိုးဆိုရင်တော့ ချီးကျူးရမှာပဲ အားထုတ်မှုအတွက် ....။ လေးစားပါတယ် ။

လွတ်ငြိမ်းလေပြေ (breeze) said...

မမ က chinese garden မှာ နေတာလို့ ပြောဖူးသလိုပဲ

Anonymous said...

ဘယ်မှမရောက်ဖူးတော့ ဘယ်လို့ မခန့်မှန်းတတ်တော့ဘူး။ ကြည့်ပဲကြည့်သွားတယ်။

Phyo Evergreen said...

မှန်းလိုက်ဦးမယ်... redhill လား queenstown နားလား တစ်ထုထုဘဲ...။

စိုင်းနောင့် said...

အသစ်တင်တိုင်း ရောက်ဖြစ်ပေမယ့်
ဆက်စပ်မတတ်လို့
ဘာမှ ရေးမသွားနိုင်ခဲ့ဘူး
အော်
ပညာရှင်တွေများ တော်တယ်ဆိုတာ ဒါမျိုးနေမှာ ..

လင်း said...

အခုတလောအတွေးတွေ သိပ်ပေးသကိုး

လင်း said...

ပန်းရောင်ပန်းလေးက မေမြို့ မှာရှိတယ်။ လမ်းဘေးတွေမှာအလေ့ကျပေါက်နေတာသူကမိုးရွာမှ မြေ
ကြီးထဲကတိုးထွက်ပြီးပေါက်တာ။ပေါက်စ်ကိုမေးကြည့်.။
ဟိုရောင်စုံဟာတွေက မနော်ပြောသလိုပဲ ကြက်တူးရွေးပန်း။ နောက်အကြားတခုကတော့ ဘယ်လိုခေါ်သည်မသိ ဒါပေမဲ့ ရန်ကုန်မှာရှိပါတယ်။

အဖြူရောင်ပန်းလေးတွေကတော့ မသေချာပါ။

Phyo Evergreen said...

ခုပြန်ကြည့်တော့မှတွေ့တယ်.. ပြတင်းပေါက်မှာလည်း ဖြူဖြူကြီး.. သရဲကြီး..။

Anonymous said...

ပန်းရောင်ပန်းက မေမြို့လမ်းဘေးမှာ မိုးတွင်းဆိုပေါက်နေကျ..
(လင်းစ်ပြောတာဟုတ်တယ်..)
ပန်းမကြိုက်..
တိမ်တွေကိုတော့ကြိုက်တယ်..
Xထုံ

ကလူသစ် said...

လမ်း အရမ်းဖြောင့်တဲ့နေရာဆိုတော့ Depot ထဲမှာပဲဖြစ်မယ်။ အိပ်ပျော်ပြီး ရထားသိမ်းတဲ့အထိ ပါသွားတာနေမှာ။ ရှက်မနေပါနဲ့ ၀န်ခံလိုက်စမ်းဘာာာာ

Rita said...

ခုတလော ခေါင်းစဉ်တွေကစ အင်မတန် ကဗျာဆန်နေပါသည်။

Anonymous said...

မမ တင်ပြထားတာတွေ
ကဗျာဆန်ထားတာတွေ
ဖတ်ရင်း
ပြုံးလို့သာနေပါတော့တယ်။
ပန်းကလေးတွေကို
သနားသတဲ့လား၊
ချစ်စရာတဲ့လား၊
ပန်းကလေးတွေက
ကောင်းကင်ကို မော့မကြည့်ပဲ
စက္ကုအိနြေ္ဒချနေတာနေမှာပါ။

သက်ဝေ said...

ကလူသစ်ပြောတာ မိုက်တယ်ဗျာ...
ဘယ်ဘူတာနားလဲ ဆိုတာတော့ စဉ်းစားကြည့်... ဆားပုလင်းနှင်းမောင် တောင် လက်မှိုင် ချသွားစေရမယ် ဆိုတော့... အင်း.. ဟုတ်နေပါပြီလေ...
Depot ထဲမှာပဲဖြစ်မှာပါ

Anonymous said...

ဘယ်ဘူတာလဲ ဆိုတာ
စလုံးက လူတွေမှပဲ သိမှာပေါ့..း(

ဗီလိန် said...

ဟဟဟ ရှင်းနေတာပဲဗျာ။ ရပ်ထားရင် အကုန်မြင်ရတာပဲကို။ Interchange တိုင်းမှာ ရိုက်လို့ရတယ်။

Anonymous said...

ခရမ်းရောင်ပန်းလေးက တောင်ကြီးမှာလည်းရှိတယ်။
ကြည်

JuneOne said...

ဘယ်ဘူတာလဲ။စဉ်စားလို့မရပါလားကွယ်။
ဆားပုလင်းဂျွန်ဝမ်းလက်မှိုင်ချလိုက်ပြီ။

တန်ခူး said...

မ ရေ… ပထမဆုံးပန်းလေးက နှင်းပန်းလေးထင်တယ်…
အောက်က အရောင်စုံတာတော့ ကြက်တူရွေးဂမုန်းလို့ အလွယ်ခေါ်တယ်… မှန်လားမှားလားမသိပါ…
ငိုက်စိုက်ကျနေတာလေးတွေက တောစံပယ်လေးတွေနဲ့ တူတယ်နော်…
ဓာတ်ပုံလေးတွေက အကုန်လှတယ်…
ရထားပုံက ဂိတ်ဆုံးတခုခုမှာ ဖြစ်မှာပေါ့…

Anonymous said...

ဟွန်း...
မသိရင် ခက်မယ်...
မကြာခင်လာမယ့်.မီးခိုးရောင် လိုင်းက
“ တိုးကြောင်ကလေး” ဘူတာ...:D

ငန်ပြာရည်ပုလင်း တိုးကြောင်

Melody said...

မကြီးကလဲ. .. ဘူတာကိုလည်း မရိုက်ထားပဲနဲ့ ။ ဘူတာနာမည်မေးနေတယ်။ ရထားတွဲထဲကြည့်ပြီး ဘယ်လိုလုပ် သိမှာလဲလို့ 