Saturday, February 7, 2009

karaoke

တစ်နာရီ ခုနှစ်ထောင်.။ လေးနာရီ.. နစ်သောင်းရှစ်ထောင်..။ ခလေးမလေး မုန့် ကျွှေး. သီချင်းဆို ဟိုလိုလိုဒီလိုလို. စာပွဲထိုးအား တစ်ပေးက ချောချောရ.။ စုစုပေါင်း က လေးသောင်းခွဲ။

28 comments:

Anonymous said...

ဟိုလိုလိုဒီလိုလို what is that meaning?

Dr. Yi Yi Win said...

ရန်ကုန်မှာတဲ့လား ဟင်မကြီးရေ။

Anonymous said...

မဂွိစ် မသိတာတွေ ရှိသေးတယ်။ ဖုန်းနံပါတ်ယူထား။ နောက်နေ့ အပြင်မှာ မုန့်သွားစား။ ဇာတ်လမ်းတွေ ဆက်ကြ။ နောက်နေ့ ပြန်လာ။ ကြာလာတော့ ကောင်မလေးများ မုန့်ဖိုးတောင် မတောင်းကြတော့။ တစ်ချို့ကောင်မလေးများ ကာရာအိုကေလာစရာ ပိုက်ဆံမရှိရင် သူတို့ကတောင် ပိုက်ဆံ ပြန်ချေးကြသေးတယ်။

အမည်မဖော်လိုသူ :P

မီယာ said...

နှမြောစရာကြီး.. မမရေ kmsl ပြောပြတာလား။ မမ အိမ်မှာ ကာရာအိုကေ စက် ၀ယ်ထားပေး လိုက်လေ။ တစ်တွေ လည်း မပေးရပါဘူးလို့...

Moe Cho Thinn said...

အော်..ခုမှ သဘောပေါက်တယ်။ kmsl ရန်ကုန်က ပြန်လာလို့ kmsl လုပ်ခဲ့တာတွေကို ဒီဘလော့ဂ်မှာ မမ လာရင်ဖွင့်နေတာကိုး။ အစကတော့ အသေနှိပ် တထောင် ပို့စ်ကတည်းက နားမလည်ခဲ့ဘူး။ ခုတော့ ရေးတေးတေး ရှိလာပြီ။ မမရယ်..ရင်ဖွင့်ပါ၊ ရင်ဖွင့်လိုက်စမ်းပါ။ အမြဲလာဖတ် နားထောင်ပေးနေပါတယ်။ Hmmm.....

Moe Cho Thinn said...

ဟေ့ မမ
မကျေနပ်လို့ ထပ်ရေးတယ်။ kmsl ကြီး ပိုက်ဆံ မချေးချင် မချေးပါနဲ့၊ ရပါတယ်။ သူ ဒီလိုလုပ်နေတဲ့ အလှူတွေကို သာဓု မခေါ်နိုင်ဘူး လို့ သိလား။

Moe Cho Thinn said...

အခုပြောနေတာ လှထုံ နော်။ လှထုံကို ပိုက်ဆံချေးတဲ့ စာရင်းထဲက ဖျက်လိုက် လို့ သိလား။ (စိတ်ဆိုးရင် သိလား တွေကလဲ အထပ်ထပ် ပါသေးတာ :)

ဒေါင်းမင်း said...

ဘယ်နားမှာလဲဟင်မမ..လိပ်စာပေးလေ..

Anonymous said...

ဂျီးဒေါ်က သိရက်နဲ့ သည်းခံနေသလား..ဟင်းဟင်းး
နှမြော၏.. ၀ိုင်းရိုက်ပေးမယ် (တော်ကြာ ဂျီးဒေါ်သားကိုလာခေါက်နေမှ.. ကွိကွိ) :D

အန်တီချိုသင်းကလည်း ဒီအေးလေပဲပြောနေ..

tg.nwai said...

သေချာပါတယ်.. ဒါ obf/ တွေကနေ ဆက်တဲ့ ဇာတ်လမ်းနေမှာပါပဲ။ မမကို မနာလိုဝန်တိုဖြစ်ပြီး kmsl မမ သ၀န်တိုအောင် လုပ်နေတာ ဖြစ်မှာ..။ မမ လွှတ်မထားနဲ့တော့နော်..

ဇနိ said...

ဟိဟိ -) ကြေ၊ ကျေ ကွဲ နေတယ်..ထင်တယ် ငြိမ်ငြိမ်နေမှ

လင်းထက် said...

အဟမ်း အဟမ်း လုပ်ပါစေ လက်ပွေ့အိတ် ပခုံးသိုင်းကြိုး ဖိုး လောက်တောင် မရှိတာကို ရန်တွေ့ ချင်နေသေးတယ် ...
နောက် ကိုယ့်လူမျိုးကိုယ် စောင့်ရှောက် ရမယ်လေ တော်ကြာ အဲလို သွားတဲ့ လူတွေ မရှိရင် ကောင်မလေး တွေက ကာရာအိုကေခန်း ထက် ဆိုးတဲ့ နေရာ တွေရောက်ကုန် မှာ စိုးရတယ် နားလည်ပေးပါ ခွင့်လွှတ်ပေးပါ ဟီး ဟီး :P

လင်း said...

ကဲကဲ တော်ကြပါတော့။ နောက်တခါ kmsl ပြန်ရင် အတူတူသာ လိုက်ပြန်တော့။ တစ်ယောက်တည်းမလွှတ်နဲ့ ။kmsl ကစိတ်ချရတောင် ကောင်မလေးတွေက စိတ်မချရဘူး။

Zatlite said...

Gah! Karaoke! Me Hates it!

ksanchaung said...
This comment has been removed by the author.
ksanchaung said...

ဘာမှ ဟုတ်ဖူး။ ကာရာအိုကေ ဆိုဒါ ကောင်းဖူးလို့ ကျောမလို့။

ATN said...

ဘာပြောရမှန်း မသိတော့ဘူး...
နှာခေါင်းကို လိမ်ဆွဲပစ်ဗျာ... ၃ ခါလောက်...း)

Anonymous said...

အယ် နှမြောစရာကြီး ပိုက်ပိုက်တွေ။ မမဂွိစ် ဘယ်လိုလုပ်မတုန်း။ မမဂွိစ်ကိုကိုကြီး မဟုတ်ဘူး မဟုတ်လား ဟင်။ ဟုတ်ရင်တော့ လင်းပြောသလိုသာ အတူတူ လိုက်ပြန်တော့နော်။

Anonymous said...

kmsl က မမkom လိုပဲသီချင်းဆို ၀ါသနာပါတာကိုး..

Anonymous said...

အမ ဖတ်ပြီးပြီးချင်းနားမလည်သေးဘူး၊ 'စာပွဲထိုးအား တစ်ပေးက ချောချောရ' ဘာလဲဟင် (အဟီး ထပ်ကြပ်အောင်လို့)

Anonymous said...

မမ...
ဒါတွေက ကိုမဆလာပြောပြမှ မမသိရတာလေ....
မမ မသိအောင် ဘယ်လောက်တွေများ... အင်းးးး
မတွေးတော့ပါဝူးလေ......မမကိုယ်စားရင်မောဘာဒယ်....
ဟင်း............................................................
..................................................................
(သက်ပြင်းရှည်ကြီး ချသံ၊ သက်ပြင်းက ဘယ်လောက် ရှည်လဲဆို ၂ ကြောင်းတောင်ဖြစ်သွားဒယ်..ခွိခွိ..)
ဟိဟိ အချွန်နဲ့ မ, ပါဘူး... လှံဖျားလေးပေါ် ကိုမဆလာကို တင်ထားပေးတာပါ...။
** မချိုသင်း ပေါက်ကွဲနေတာကို ဖတ်ပြီး အူနာအောင်ရယ်ရပါကြောင်း။

ပုံ/ ဆင်ထုံ

မာ့ခ် said...

SGD?

ရွှန်းမီ said...

ကြည့်ရတာ သူများ ဒိုင်ယာရီကို ခိုးဖတ်ရသလိုကြီး ..

JuneOne said...

ကာရာအိုကေ ကဒီလောက်တောင်ကုန်လား။
နှမြောစရာ။

RePublic said...

မဂွိစ် က မြင့်တယ် ၊၊ ဘလော့ဂ် မှာ စာရင်းမှတ်တာ ၊၊

Anonymous said...

အမမေ....ဒီလိုပါဘဲ.သူတို့အကျိုး သူတို့ပေးလိမ့်မယ်

Anonymous said...

Waiting for new posts....

Williamsgnre said...

မဂွိစ် မသိတာတွေ ရှိသေးတယ်။ ဖုန်းနံပါတ်ယူထား။ နောက်နေ့ အပြင်မှာ မုန့်သွားစား။ ဇာတ်လမ်းတွေ ဆက်ကြ။ နောက်နေ့ ပြန်လာ။ ကြာလာတော့ ကောင်မလေးများ မုန့်ဖိုးတောင် မတောင်းကြတော့။ တစ်ချို့ကောင်မလေးများ ကာရာအိုကေလာစရာ ပိုက်ဆံမရှိရင် သူတို့ကတောင် ပိုက်ဆံ ပြန်ချေးကြသေးတယ်။ အမည်မဖော်လိုသူ :P