Saturday, January 17, 2009

Ice Kachang


ice kacang
စလုံးနဲ့ မလေးမှာ စားတဲ့ အချိုပွဲ လို့ wikipedia က ဆိုပါတယ။် မြန်မာပြည် မှာ လဲ ရှိပါတယ် လို ထပ် ပြီး သတင်းပို့ရင် ကောင်းမလား လို့စဥူ်းစားနေတယ်။
အတော် နှစ်သက်တယ်။ အဆင်ပြေတိုင်း စားမိတယ်။

ကိုယ် တို့ငယ်ငယ် က စားခဲ့တဲ ရေခဲ သုပ်. တို့ ..ရေခဲ ကို ခြစ်ပြီး တုတ်ချောင်းလေးနဲ ဆုပ် လိုက်ပြီး ရေခဲ ပေါက်ပေါက်ဆုပ်လို့ လဲ ခေါ်တယ်။ သူ့အရပ် နဲ့သူဇာတ် အမျိုးမျိုး ခေါ်ခဲ့ကြပါတယ်။ အစိမ်းရောင် အရည်ကလေး တွေ ဆမ်း. နီညီို ရောင် အရည်ကလေး တွေ ဆမ်း. ပလွတ် ပလွတ် . ရှလွတ် ရှလွတ် နဲ့ အရသာ ကို မှတ်မိသေးတော့တယ်။

မှတ်ချက်
ဇွန်း ချောင်းမို့လို့ ၂ ယောက်သွားတယ် မထင်ပါနဲ့၊ ဆိုင်က ထည့်ပေးလိုက်တာပါ။ စလုံး expo သွားတုံး က shoopping ထဲ မဝင်ခင် အဲဒါ လေးနဲ့အားဖြည့် ပြီးမှဝင်သွားတာ သုံး နာရီ ကြာခဲ့တယ်။

32 comments:

Anonymous said...

ပထမရပါပြီ

ကလူသစ် said...

ဒုတိယဖြစ်နေတုန်းပဲ :(
မြန်မာပြည်က ရေခဲသုပ်တွေနဲ့ အရသာ ကွာချင်တိုင်းကွာပါတယ်ဗျာ။ အိမ်လွမ်းရင်သာ တခါတလေ ၀ယ်စားဖြစ်တယ်။

Phu Mon said...

ထူးထူးခြားခြား တတိယရလိုက်တယ်...
ပလွတ် ပလွတ် ရှလွတ်ရှလွတ်နဲ့ ဆိုတော့ မမက စုပ်စားတာကြိုက်တယ်ထင်တယ်

RePublic said...

ကျနော် လည်းကြိုက်တယ်ဗျ

RePublic said...

ကျနော် လည်းကြိုက်တယ်ဗျ

ATN said...

ပလွတ် ပလွတ် . ရှလွတ် ရှလွတ် နဲ့ အရသာ ကို ပြန်လွမ်းမိပြီဗျာ... ဒွတ်ခပါပဲ...း)

ksanchaung said...

နှစ်ယောက်သွားတယ် ဆိုတော့လည်း သွားတယ်။ ပလွတ်ပလွတ် ရှလွတ်ရှလွတ်ပေါ့။ တရားစွဲခံရမှာ ကျနေတာပဲ။

Anonymous said...

စားချင်တယ်။ ရေခဲခြစ်လည်း ကြိုက်။ ရေခဲသုပ်လည်းကြိုက်။ မမဂွိစ်လည်း ကြိုက်။

Anonymous said...

နှစ်ယောက်သွားတယ် ဆို၇င် ဘယ်သူနဲ့လဲလို့
မေးနေမှာစိုးလို့ ကြိုတင် ပိတ်ထားတာလေ....

ThuHninSee said...

ချမ်းတယ်ဗျို့။ ရေခဲခြစ်မြင်ရတာ ပိုချမ်းသွားတယ်။

May Moe said...

စားချင်တယ် ဝယ်ကျွေးပါ :D

Anonymous said...

စားချင်တယ် ။ ကြိုက်တယ် ။ တင်ပေးတာ ကျေးဇူးတင်တယ် ။

megumi said...

ဂျပန်မှာလည်းရှိပါတယ်။
ခခိကိုးရီ(カキ氷)လို့ ခေါ်ပါတယ်။
မမပြထားတဲ့ "Ice Kachang" ဓာတ်ပုံနဲ့ နည်းနည်းတော့ ကွာတယ်သိလား.

တန်ခူး said...

စလုံးက လျှာတွေ့ တဲ့ အစားအစာထဲမှာ အဲဒါလဲပါတယ်… ရေခဲခြစ်ကြိုက်လက်စမို့ ထင်ရဲ့… သက်ဝေပို့ စ်ဖတ်ပြီး တော်တော် ဦးနှောက်ခြောက်နေတယ်… မမက အသိထဲက ဖြစ်မလားဆိုပြီး လှတဲ့ မမတွေ တန်းစီစဉ်းစားကြည့်နေတာ…

JuneOne said...

တို့လဲကြိုက်တယ်။

Moe Cho Thinn said...

ice kachang သိပ်ကြိုက်တာပေါ့။ ရန်ကုန်က ရေခဲသုတ် အလွမ်းပြေ စားမိတာပေါ့။ ဒါပေမဲ့ ရန်ကုန်က ရေခဲသုတ်က အစုံပလုံ ပိုပါတယ်။ ကျောက်ကျော၊ မြေပဲ၊ နာနတ်ယို၊ ဖရုံယို၊ သာကူစေ့ ပြီးတော့ အပေါ်မှာ နို့ဆီလေးတောင် ဆမ်းလိုက်သေး။
လွမ်းသွားပြီ မမ.. :(

Anonymous said...

သားသားကြိုက်ကြိုက်စ်

Dr. Yi Yi Win said...

ပလွတ် ပလွတ် . ရှလွတ် ရှလွတ် နဲ့ အရသာ ကို ပြန်လွမ်းမိပြီဗျာ... ဒွတ်ခပါပဲ...း) တဲ့အဟိဟိ။ ဒီမှာတော့ အေးတိအေးစက်ရာသီမို လို့ နွေးရာနွေးကြောင်း ရေခဲချောင်း အဲဟုတ်ပေါင်...ရေနွေကြမ်းလေးနဲ့ ပဲနှစ်ပါးသွားလျှက်ရှိပါ၏။ ပုံလေးကတော့ ရှလွတ်ချင်စရာလေး။

:P said...

ရေခဲခြစ်၊ ရေခဲပေါက်စီ၊ ရေခဲပလုတ်တုတ်....
တုတ်ချောင်းကနေ ပြုတ်မကျအောင်လည်းထိန်း၊
အချိုရည်တွေ အလဟသမဖြစ်အောင်လည်း လျှာသွက်သွက်စုတ်ရ.... ပဲ့ကျတဲ့ရေခဲလေးတွေကို ဘယ်ဖက်လက်ဖ၀ါးနဲ့ခံပြီး ပါးစပ်ထဲပစ်ထည့်....။
တုတ်ချောင်းနဲ့ ရေခဲခြစ် စားချင်လိုက်တာ.....

WWKM said...

ဟူးးးး ချမ်းဒယ်..ချမ်းဒယ်.. စားနိုင်သေးဘူး..ဒါပေမယ့်
အရမ်းကြိုက်.း)

မီယာ said...

ရေခဲခြစ် မစားဖြစ်တာ ကြာသွားပြီ။ ငယ်ငယ်ကတော့ ကျုရှင်သွားရင် ပုသိမ်လမ်းထိပ်မှာ ရေခဲခြစ်ဆိုင်ရှိတယ်။ ထိုင်စားလို့လည်းရတယ်။ ဖရုံယို နာနတ်ယို မြေပဲ ကောင်းလိုက်တာ။ အခုတော့ ဈေးတွေ ကြီးကုန်ရောပေါ့။

nu-san said...

မမရေ... ဒီမှာလည်း နွေဘက်ဆိုရင် ရတယ်.. အရသာတော့ မတူဘူး... ဒါပေမယ့် မစားရတာထက်စာရင် အာသာပြေ စားဖြစ်ပါတယ်.. ငယ်ငယ်ကလို တုတ်နဲ့ ဆုပ်ထားတဲ့ ရေခဲခြစ်လောက်တော့ မကောင်းဘူး...

Anonymous said...

လာစားသွားပါတယ်အမရေ....

Anonymous said...

ဒီမှာလည်းရှိတယ်..
ဒါမယ့်..မကြိုက်ပါ...
ကျနော်က လှထုံနဲ့ပြောင်းပြန်ပါ..

Xထုံ..

D Soe said...

ice kachang က ကျွန်မရဲ့ အကြိုက်ဆုံးတွေထဲက တစ်ခုပါ။
လာစားသွားပါတယ် အမရေ...။ =)

Steve Evergreen said...

2 spoons in a bowl

Anonymous said...

မမKOM ရေ.. ဒီကဟာမျိုးတော့ Halo-Halo လို့ခေါ်တယ်။ ရေခဲခြစ်၊နို့စိမ်း၊ပဲပြုပ်ထားတဲ့အစေ့လေးတွေနဲ့ မုန့်စမ်း (ကောက်ညှင်းဆန်အပြားလေး)ကြွပ် ကြွပ်လေးတွေရောသမမွှေထားတာ..ရေခဲမုန့် လေးတစ်လုံးတင်ထားသေး...
http://2.bp.blogspot.com/_Wb0kA64AGM8/SFXSK5qnhmI/AAAAAAAAAyc/gzhBSZq-_Ho/s1600-h/DSC03220.JPG

မေ့သမီး said...

စားတော့စားဖြစ်ပေမယ့် မြန်မာပြည်က ရေခဲသုပ်ကိုတော့ မမီတာအမှန်ပဲ။

Unknown said...

ကြိုတယ်ဗျာ ၊ ပလွတ်ပလွတ်ရှလွတ်နဲ့ ဟားဟား မစားဖြစ်တာအတော့်ကို ကြာပြီ၊ နဲနဲလောက်ကျွေးပါလား

လင်း said...

ရန်ကုန်က ပိုကောင်းတယ်

:P said...

ပေါ်တော်မူကြီး ဒေါ်လင်း

ကောင်းကင်ပြာ said...

ကြိုက်လို့ စားသွားတယ်ရှင့်