Friday, November 14, 2008

E pipe

e.ပိုက် ပိတ်သွားပြန်ပြီ လို့အင်ဂျင်နီယာ က တင်ပြ လာတာနဲ့ခေါင်း ခြောက် သွားတယ်။ e တုံး ကဘဲ ကြီးလေ သလား။ တစ်ရှူးစက္ကူတွေ ကဘဲ ပိတ်လေ သလား။ အကြံ မရတာနဲ့ ရွှန်းမီပြောတဲ့ Heart museum ကလဲ ထောက်ခံထားတဲ့ MR MUSCLE DRAIN DECLOGGER ကို NTUC မှာ မိုးထဲ လေထဲ သွားဝယ်။ တစ်နာရီလောက် ထာြး့ပီး စုပ်ခွက်နဲ့တွနးချ တော့ ရေ ဆင်းသွားတယ်။ ဒါပေမဲ့ နှေးသေးတယ်။

စိတ် မချသေးတာနဲ့ byakga အကြံပေးထားတဲ့အတိုင်း ကိုကာကိုလာ တပုလင်းကို ထည့်လိုက်တယ်။ ခဏနေတော့ sprite တဗူးကို ထည့်ပြန် တယ်။ ကိုပေါ ညွန်ကြားတဲ့ အတိုင်း mentos သုံ့းပြား (သူကတော့ တပြားနှစ်ပြားလို့ဘဲ ပြောပါတယ်။ အမှန် က သူက Boyz (ကို အကြံပြူတာကို ကိုယ်က လိုသလို အသုံြး့ပူ ) ကို ထည့်လိုက်တယ်။ sprite တွေ ဆူသွားတယ်။ sprite သူံ့းဗူး ထည့်လိုက်တယ်။ ရေနွေးတွေလည်း ကြိုပြီး ငါးဗူးလောက် လောင်းလိုက်တယ် ။ စပရိုက် ၇ ဗူးနဲ့ ကိုကာကို လာ တဗူးပို နေ တာကိုတော့ ကိုယ်ဘဲ သောက်တော့ မယ်။ အခု အိုကေ သွားပါပြီ။ အားလုံး ကို ကျေးဇူးတင် ရှိပါကြောင်း။
(အမှန်က camy ဆပ်ပြာတုံး အသစ် ပိတ်သွားတာပါ။)

35 comments:

စူး said...

ဟားဟား

အမကတော့ ဖြစ်ရမယ်

ပြုံးပီး အိပ်ပီ .. ဘိုင့်

PAUK said...

အဆင်ပြေသွားပြီဆိုတော့လည်း
ပြီးတာပဲလေ..
မဟုတ်...လာကူပေးမလို့ဟာ..

Moe Cho Thinn said...

တကယ်ပဲ အဲဒီလို ပိတ်ရင် ကိုကာကိုလာတို့ စပရိုက် တို့ ထည့်ရတာလား မမ။ mentos လဲပါသေး။
မှတ်သားရပါ၏။
စလုံး ၁၃၀ သက်သာသွားတာပေါ့။ :)

မီယာ said...

မမရေကိုကာကိုလာထည့်ရတယ်ဟုတ်လား
အူတွေတော့ပါးကုန်တော့မှာပဲ
မသောက်တော့ဘူး။

Anonymous said...

အင်း၊အိမ်သာတော့သိပ္ပံဓါတ်ခွဲခန်းလိုမီးခိုးတွေထွက်လာ ပြီးပေါက်ထွက်သွားမှ kom ခေါင်းစိုက်နေမယ်နော်၊ကျော်မကောင်းကြားမကောင်းဗျာ

Anonymous said...

လူလဲတကိုယ်လုံးမဲချိတ်၊ခေါင်းမှာလဲ အိမ်သာခွက်ကြီးကစွတ်လို့ မစွံပါဘူးဗျာ။

ThuHninSee said...

မှတ်သားစရာပဲ။ အဲဒါတွေ ထည့်ရတာ မသိဘူး။
စုပ်ခွက်နဲ့ပဲ စုပ်ဖူးတယ်။ မကေအိုအမ်တို့က စုံတယ်နော်။
ဟားဟား။

Unknown said...

အမရေ coke နဲ့တော့ မစမ်းဘူးသေးဘူးဗျ။ ကြံကြံဖန်ဖန်ဗျာ။ ဟီးးး နောက်တခါဆို စမ်းကြည့်အုံးမယ်။ ဟိုအက်ဆစ်က တဘူး $4 , coke က 2liter တဗူး $2 ဆိုတော့ တကယ်ဟုတ်ရင် ပိုတွက်ချေကိုက်မယ် ထင်တယ်ဗျ။

မွန် said...

အလဲ့ ဟိုခွက်ထဲလဲထည့် ပိုတာကိုယ်သောက် သူသောက်ကိုယ်သောက်ပေါ့ မိုက်ဒလယ် ဟိ စတာ

:P said...

မမရယ်...
ပေါက်တီးပေါက်ရှာ...coke က တကယ်ပဲ e ဆို့တာရှင်းနိုင်တယ်ပေါ့...GK ယူသွားတယ် မမ

WWKM said...

ဟဟဟ..မမကတော့ ရုပ်ပြန်ပြီ..တမျိုးးး

လင်းထက် said...

တော်သေးတာပေါ့ kmsl ရဲ့ ဘီယာဘူးတွေပါ မပါသွားတာ....။

P.Ti said...

အမရေ.. နောက်တစ်ခါမြန်ချင်ရင် ၀ိုင်အနီနှစ်ပုလင်းထည့်... ပြီးတော့ ၀ီစကီ ၁ပုလင်းထည့်... အဲတော့ ပိုက်လည်း နှစ်ပင်လိမ်ပြီး မူးသွားလိမ့်မယ်... အမကိုလည်း ဂျစ်ကန်ကန်မလုပ်တော့ဘူးပေါ့.. စမ်းကြည့်ပါ့လား.. အဟဲ.. :P

Anonymous said...

တော်သေးတာပေါ့ မမက ဥာဏ်ကြီးပေလို့။ တမျိုးပြီးတမျိုးပါ့လားနော်။ ဒါနဲ့ ကို kmsl ပြန်ရောက်နေပီလား မမ။

Unknown said...

သောက် နိုင် တုန်း သောက် ထား ဗျို့။

RePublic said...

တော်တော် ကြံကြံဖန်ဖန် ရေးတတ် လုပ်တတ်တဲ့ မမဂွိ ရယ်ပါ ၊၊

Welcome said...

အစ်မ
ခေါင်းစည်း ကြည့်လိုက်ကတည်းကလန့်နေတာ၊ ငါ့အစ်မ ဘယ်လို လက်စွမ်းပြအုန်းမလဲလို့ပေါ့၊ ထင်တဲ့အတိုင်းပါပဲ(အထူး ရီသွားတယ်အစ်မ)

http://winzaw-mdy.blogspot.com

ရွှန်းမီ said...

အစ်မကလည်း..
=) စိတ်ညစ်ရင် အရက်မသောက်ပဲ coke သောက်ရမလို ဖြစ်နေပြီ။ coca cola, sprite, mentos..
ဟိုဆေးထက် ပိုသက်သာတယ်။ မှတ်ထားမှ။

tg.nwai said...

ဟားဟား.. ဒီလို ပညာပြလို့ ဘယ်ရမလဲ ဒီ e-pipe လောက်ကများ..တို.များ မမ kom ရဲ. ပညာခန်းတွေနဲ့ တွေ.သွားမှာပေါ့.. မှတ်သားနည်းယူသွားပါတယ်။ တကယ်ကြီးလားမမရဲ.။ :)

သက်ဝေ said...

မမ ကတော့လေ... ဖြစ်ရမယ်...။
အိမ်မှာတော့ ပန်းကန်ဆေးတဲ့ ဘေစင် နဲနဲပိတ်ရင် ကိုကိုက Coca Cola တွေ လောင်း လောင်းထည့်တာ တွေ့ ဖူးတာဘဲ...။
ဟုတ်လေသလား မဟုတ်လေသလားတော့ မသိ...။ ခဏနေရင်တော့ ပြန်ကောင်းသွားတာ တွေ့ တာဘဲ...။ အမှိုက်တွေ ကျပြီး သူ့ အလိုလို ကောင်းသွားတာလား Coca Cola ကြောင့်လား တော့  မသေချာပါ...။ တခုခုတော့ တခုခုပါဘဲ...

MrDBA said...

အအေးဘူးသောက်တဲ့ အိမ်သာအိုးပေါ့ :P

thonn thonn said...

အင်း...မှတ်ထားလိုက်ပြီ။ :)

May Moe said...

မမ ပရောဖက်စာ ဦးဖိုးကိုပေါ နည်းနဲ့အဆင်ပြေသွားတယ်ပေါ့။ မနေ့က အဲဒါဖတ်မိတယ် တကယ်လားနောက်တာလား မသိဘူးဖြစ်နေတာ။အိမ်ပြန်တော့ Cola ကုန်နေတာတောင် မဝယ်တော့ပဲ GreenTea ပဲဝယ်လိုက်တယ်။ တကယ်ဆိုရင် တော်တော်ပြင်းတာပဲနော်

လင်း said...

ဆပ်ပြာတုန်းကကျပြန်ပြီ။ ဒီတခါတော့ သက်သက်သာသာနဲ့  ပြီးသွားလို့ တော်သေးတယ်။ ကိုကာကိုလာက ဒါမျိုးလဲ အသုံးဝင်သကိုး မှတ်ထားအုန်းမှ။

Anonymous said...

အေးဗျာသူ့တို့ အိမ်သာတွေကြမှပဲသောက်လိုက်ကြတယ့် ကိုကာကိုလာ၊
ဖြစ်ရတယ်လို့၊ပြောမပြောလိုက်ချင်ဘူး။

ဇင်ယော် said...

အမ်းမား rest room ကို ဓါတ်ခွဲခန်း အောက်မေ့နေလားမသိ။ နည်းပညာသစ်တွေ တစ်ခုပြီးတစ်ခု ဖော်ထုတ်နေတယ်ပေါ့လေ။ အင်း ရေနွေးကြို၊ ကိုကာကိုလာရယ်၊စပရိုက်ရယ်၊mentos ထည့်မွှေလိုက်ပြီး သောက်ကြည့်ရင် ဘယ်လိုနေမယ်မသိ။

Anonymous said...

တော်သေးတာပေါ့ဗျာ အဆင်ပြေသွားလို့။ Carry on အမ kom။

ခင်မင်စွာဖြင့်

မာ့ခ် said...

ထပေါက်ပြီး အကုန် စင်ကုန်ရင် မတွေးဝံ့စရာပဲ။

မာ့ခ် said...

ဒါနဲ့ မေးမလို့။ ဆပ်ပြာတုံးဆိုတာ လက်ဆေးတဲ့နေရာမှာ သုံးတာမဟုတ်လား။ ဘယ်နှယ့် အိမ်သာခွက်ထဲ ခဏခဏ ကျနေတာလဲဟင်။ :O

Anonymous said...

မာ့ခ်

တခြားဆေးစရာ ရှိလည်းဆေးရမှာပေါ့

နော့အမရာ။

ီDeedar

ksanchaung said...

စင်ကြာပူကအိမ်တွေ အတော်ညံ့တာပဲ။ ငါတို့ရွာမှာဆို ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး။ ဖြစ်မှာစိုးလို့ ပိုက်ကိုထည့်မဆောက်တာပဲကြည့်။

Dr. Yi Yi Win said...

မကြီး ဆပ်ပြာတုံး အဲနားမထားနဲ့ တော့ဗျာ။ လွတ်လွတ်ကျွတ်ကျွတ်မှာ သွားဆေးပြီးရော။
ခုတော့….အချိုရေတွေပါတိုက်နေရပြီဟုတ်..။ ဟိဟိ

strike said...

အမားတခုပြောဖို့ကျန်သွားလို့
(၁)။အသီးအနှံများများစားပါ
(၂)။ဝမ်းပြော့ဆေးမကြာမကြာသောက်ပေးပါ
(၃)။အတုံးအရွယ်အစားမကြီးပါစေနှင့်
စမ်းကြည့်ပါ။

byakga said...

ဒီစာကိုဖတ်ပြီး ကိုကာကိုလာ က ကျနော့်ကို ကြော်ငြာခ လာပေးနေပြီဗျ။

ကိုဇော် said...

သြ..အဲသလို အဖြစ်တွေ ရှိသလား။
ဘီယာထည့်ရင် ပိုကောင်းမယ် ထင်တယ်။
သူလည်း မူးမုးနဲ့ မြန်မြန်ဆင်းသွားတာပေါ့။