Saturday, June 21, 2008

France 3




ပါရီ မြို့ ကို ရောက် တော. အရင် ဆုံး HOTEL လိုက် ရှာ ရပါတယ်။ ကြိုပြီး ဘွတ်ကင် လုပ် ထား ပေမဲ. မြေပုံ ကြည်.ပြီး အတော် လေး ရွာ လည် သွား ပါ သေး တယ်..


အတူ ပါ တဲ. မိတ် ဆွေ နှစ် ယောက် က ဒိုင်ယာနာ ACCIDENT ဖြစ်ခဲ. တဲ. နေရာ ကို ရောက် ဘူး ချင် တယ် ဆို လို. PONT DE L'ALMA ROAD TUNNEL ကို လည်း မနည်း ရှာ ဖွေပြီး သွား ကြည်. ကြ ပါတယ်။

ပြီးတော. HOTEL ရောက်ပြီး မိတ်ဆွေ များ နဲ. လမ်း ခွဲ လိုက်ပါတယ်။ မော် တော် ကား ကို တစ် နေရာ မှာ ကျောက် ချ ရပ် ပြီး အား လုံး ဘဲ ကိုယ်. အစီအစဉ် နဲ. ချီတက် ကြမယ် လို. ဆုံး ဖြတ် လိုက် ကြ ပါတယ်။ မရောက် ဘူး သေး တဲ. မြိုူ့ ကြီး တစ် မြို့ ကို ရောက် ရင် ကား မယူ သွား သေးတာ အကောင်း ဆုံး လို.ထင် ပါတယ်။ ရွာလည် ဘို.က သေချာ ပေါက်ဘဲလေ.

HOTEL က မထင် မှတ်ဘဲ အတော် လည်း ကောင်းပါတယ်. အတူ လာ တဲ. မိတ်ဆွေ များ ရဲ. ကောင်းမှူ ပေါ.။ အင်တာနက် ကို အသုံးချ ပြီး ရှာ ထားတာ. ဈေး လည်း တော် ပါတယ်။ EURO ၇၀ လောက် ကျတယ်။ နှစ် ယောက်အိပ် ကုတင် ကို ခေါင်း ချင်း ဆိုင် ပြီး ထား ပါတယ်။ အတော်လေး လည်း သန်.ပြီး TOUR GROUP တွေ လဲ အတော် များတာ ကို တွေ.့ ရ ပါတယ်။

HOTEL က ထွက် လာပြီး ဟိုကြည်.ဒီ ကြည်. နဲ. MRT ရထား ဘူ တာ ရုံ ကို ရောက် လာပါတယ်။ စလုံး နဲ. မတူ တာ က တစ်ရက် စာ လက် မှတ် ဝယ် လို.ရပါတယ်။ ပါရီ ကို ZONE တွေ ခွဲထား ပြီး ကိုယ် ဘယ် သွား မဲ. ZONE လက်မှတ် ကို ဝယ်ပြီး တက် လိုက် ဆင်း လိုက် လုပ် နေ လို. ရ ပါတယ်။ အခုပြော နေ တာ က MEMORY ကို RECALL ခေါ် ပြီး ပြန် ရေး တာ ဆို တော. အမှား ပါ ရင် လဲ ခွင်. လွှတ်ပါ။

ပါရီ ရထား က စလုံး ရထား လောက် တော. မသစ် ပါဘူး။ ခရီး အတော် လေး သွားဘူး တာမှာ မြန်မာ. ဘန်ကောက်. စ ကာင်္ပူ. ကိုးရီးယား။ ပြင်သစ်. အီတလီ မှာ စလုံး ရထား ကတော. အသစ် ဆုံး ပါဘဲ.။ ပြင်သစ် ရထား ဘူ တာ ရုံ အတက် အဆင်းမှာ လဲ များ သော အားဖြင်. ESCALATOR မရှိတာများပါတယ်. ခြေထောက် နဲ့ဘဲ တက် လိုက် ဆင်း လိုက် လုပ် ရ ပါတယ်။ ကိုယ် ဝယ် ထား တဲ.လတ်မှတ် ZONE ထဲ မှာ ဘဲ အတော်လေး ဟိုစီး လိုက် ဒီ စီး လိုက် လုပ်ပြီး ပတ်ဝန်း ကျင် ကို လေ.လာပါတယ်။ များ သော အားဖြင်.မြေကြီးအောက် ထဲမှာဘဲ. သွား နေ တာများပြီး အပေါ် တက် တာ နည်း ပါတယ်။ အဲးဒီတော. ပတ် ဝန်းကျင် ကိုသိတ် မတွေ.ရပါဘူ.း စလုံး မှာ တော.ရထားက အပေါ် ကသွား တာ အတော် များ တော. ရထား ကို ပတ်စီး ရင် ကို SIGHT SEEING ဖြစ်တော.တာပါဘဲ.

KMSL က MONA LISA ပန်းချီကား သွား ကြည်. မယ် ဆိုပြီး MUSÉE DU LOUVRE ကို မြေ့ပုံ နဲ. ရှာ ပြီး ရထား နဲ. သွား ကြ ပါတယ်. MONA LISA ပန်းချီကား အကြောင်းက တော. အား လုံး သိပြီး သား မို. အကျယ် မချဲ. လို ပါ။ TOUR တွေက လည်းများ သလား မမေး ပါနဲ. များ မှ များ။ ကိုယ် ကတော. နား လည် လို. မဟုတ် ပါဘူး. သူသွား လို.လိုက်သွား တာ ပါဘဲ. မနည်း တိုး ယူ ရတယ်။ မြင်တဲ. အတိုင်း ပါဘဲ. LIGHTING လဲ သိတ်မပေးထားဘူး. ခပ် မှောင် မှောင် ဘဲ.။

ဗိုက်ဆာ တာ နဲ. PIZZA စား ရ အောင် ဆိုပြီး PIZZA မှာ ပါတယ်။ KMSL က ဝိုင်. ကိုယ် က ကိုကာ ကိုလာပေါ.။ ပြီး တော. PIZZA ချ ပေး ပြီး ကိုယ်တို. ကို အရက် ပုလင်း လို မျိုး တစ် ပုလင်း လာပေး ပါတယ်။ နှစ် ယောက်သား ငြင်း ကြတာ ပေါ. NO NO မယူဘူး .မမှာ ပါဘူး ဆိုပြီး။။ နောက် မှသိတယ်. အဲဒါ ဘာမှန်း တော. မသိပေမဲ. PIZZA နဲ. တွဲြ့ပီး စား ကြတာ တွေ.တယ်။ ရှက် လိုက်တာ။ မရှက် တော.ပါဘူးလေ. ကာတွန်း တင်အောင်နီ ရဲ. ကို ပြာ လောင် ပြောသလိုဘဲ. မင်းဘယ်သူ.မှ လျှောက် မပြောနဲ. ငါဘဲ ပြောမယ်ဆိုတဲ. အတိုင်းပါဘဲ.

4 comments:

ထွန်း said...

ကျနော်ကြားဘူးသမျှကတော့ ပြင်သစ် တချို့ ရုံးတွေက ၄ရက်ဘဲ အလုပ် လုပ်တယ်။ တကယ်ကို အလုပ်ချိန်နဲ တယ်။ လခလဲ နဲတယ်။ ပြင်သစ်ကကောင်တွေ စလုံးမှာ လာ အလုပ်လုပ်ချင်ကြတယ် ငွေလွှဲနှုန်းနဲ့ တူအောင် ရတော့ လခများတာပေါ့။ အင်္ဂလိပ်တွေက် င်္အကျီကို ဖြစ်သလိုဝတ်ပေမဲ့ ဥရောပသားအားလုံးနီးပါး င်္အကျီကို စမတ်ကျကျ ၀တ်ကြကြောင်းသိရပါတယ်။ ခါးပိုက်နိုက်လဲ ပေါမှပေါ၊ စလုံးဘုန်းကြီးကျောင်းမှာ ပြောနေတာ။ ရထားပေါ်မှာ အဖိုးကြီးနားကို မိန်းခလေးတွေ ၀ိုင်းပြီး ကြပ်သိပ်အောင် နေကြ တယ်။ အဖွားကြီးနားကို ကောင်လေးတွေ တိုးကြပ် အောင် တိုးပြီး အဖိုးကြီးအဖွားကြီးကို နေရာ ခွဲလိုက်ကြတယ်။ အဖိုးကြီးဆီက ဘာမှ မရလိုက်ပေမဲ့ အဖွားကြီးဆီက ပိုက်ဆံအိပ်နိုက်သွား သတဲ့။ အုပ်စုလိုက်ဆင်းသွားခါနီး အဖိုးကြီးနားက ကောင်မလေးက ပတ်စပို့ လှမ်းပေးပြီးဆင်းသွားသတဲ့ မယ်မင်းကြီးမ ကို အဖိုးဖွားကြီးတွေ ကျေးဇူးတင် လိုက်ရ ပါသတဲ့

စစ်ကိုင်းသူ said...

အစ်မရေ အားကျတယ်ဗျာ။ အဲလိုမျိုး လျှောက်သွားချင်တယ်။

စိုးထက် - Soe Htet ! said...

:)

Andy Myint said...

ကျွန်တော် သွားတုန်းကတော့ မိုနာလီဆာကို ဓါတ်ပုံ ပေးမရိုက်တော့ဘူး။