Sunday, May 18, 2008

King and Queen

King and Queen

Singapore ကို KMSL က အ ရင် ရောက် ပါ တယ်။ ပထမဆုံး ထုံး စံ အ တိုင်း သူများ ဆီ မှာ နေ တယ်။ ပြီး တော. သုံး ယောက် တစ် ခန်း နေ တယ်။ အ တူ နေ တဲ. အစ် ကို ကြီး က အ ရက် သောက် လေ တော.သူ. မှာ ဧည်. ခန်း ထွက် ပြီး အိပ် ရတယ်။ တစ် ခါ နှစ် ယောက် တစ် ခန်း ပြောင်း နေ ပြန် တော. အတူ နေ တဲ. သူ ငယ် ချင်း က အိပ် ရင် ဟောက် တတ် ပြန် တော. သူ.မှာ တရား ခွေ လေး ကို နားမှာ ကပ် လို.ကြိုး စား ပြီး အိပ် ရ ပြန် ပါတယ်. နောက်ဆုံး တော. အ အိပ် မက် တဲ. သူ. ခမြာ ပိုက် ဆံ အ ကုန် ခံ ပြီး တစ် ခန်း ထဲ တစ် ယောက် ထဲ နေ ပါ တယ်။ ကျန် တဲ. နေ ရာ မှာ ချွေ တာ ရ တာ ပေါ.။ သူ က နား အေး ချင် တာ ကိုး။

အဲဒီ မှာ အိမ် က ပြောင်း တာ များ လေ တော. အ ထုတ် ကလေး တထုတ် နဲ. ဟို ပြောင်း လိုက် ဒီ ပြောင်း လိုက် . ရောက် တဲ. နေ ရာ မှာ တစ် ယောက် အိပ် မွေ. ရာ ကလေး ချ ပြီး အိပ် လိုက် ပြန် တာ ပါ ဘဲ။ အဲ ဒီ အိမ်တွေ မှာ ကုတင် မ ရှိ သ လို သူ က လဲ ဝယ် ဘို. စိတ် ကူး မ ရှိ ပါ ဘူး။ သူ. ရဲ. တောင်.တ ချင် ကေ တာ. ရန် ကုန် ကို ပြန် ချင် တာ ပါ ဘဲ.။ နေ. တိုင်း စိတ် ကူး နဲ. ရန် ကုန် ပြန် ပါတယ်။ ရန် ကုန် ပြန် ရင် အဆင် သင်. အထုပ် က လေး ဆွဲ ပြီး သံ ယောဇဉ် ကင်းစွာ ပြန် နိုင် ဘို. အတွက် စလုံး မှာ ဘာ မှ ဝယ် ဘို. စိတ် မကူးပါ ဘူး။

ကိုယ် ရောက် လာ တော. အဆင် သင်. အခန်း လေး ထဲ ကို နောက် ထပ် မွေယာ က လေး တစ် ခု ထည်. လိုက် ပြီး နေ ရာ ယူ လိုက် ပါ တယ်။ ဒီ လို နဲ. နေ တာ နှစ် တွေ အ တော် ကြာ သွား တယ်။ ရန် ကုန် လဲ မပြန် ဖြစ် ပါ ဘူး။ နောက် ဆုံး ရန် ကုန် က အ မျိုး လူ ကြီး သူ မ တစ် ယောက် လာလည် တော. အောက် မှာ မအိပ် ကြ နဲ. လေ ဖြတ် မယ် ဆို ပြီး အ တော် ဆူ ပူ ကြိမ်း မောင်း လိုက် တော. KMSL က ကိုယ်. ကို မ ပြော မ ဆို နဲ. ကုတင် သွား ဝယ် တော. Queen size ကု တင် အိမ် ရောက် လာ ပါတယ်။ သူ က အရပ် ရှည် လေ တော. တည်.တည်.အိပ် ရင် ကုတင် မဆန်.ပါ ဘူး။ ဘာဖြစ် လို. King size မဝယ် တာ လဲ မောင် ရယ် ဆို တော. စ လုံး က ကိုယ် တို.ငှား နေ တဲ. အိပ် ခန်း ၂ ခန်း ပါ အိမ် လေး တွေက ကျဉ်း ကျဉ်း လေး ဆို တော. အိမ် ကျပ် မှာ စိုး လို.ပါ လို. ဖြေရှင်း ချက် ပေး ပါတယ်။

အိမ် ပြောင်း ရင် တော. ဒီ Queen ကို လွှင်. ပြစ် ခဲ. မယ် ကွာ လို. ကိုယ် ကပြော တော. သူ က သဘော တူ ပါတယ်. ကံ က ဆိုး ချင် တော. အခု အိမ် က unfinished ဆို ပြီး ငှား တော. ကိုယ် တို. ရှိ တာ တွေ အ ကုန် မ လာ ရ ပြန် တော. Queen လဲ ပါ လာ ပြန် ပါတယ်..

အဲဒီ တော. ကိုယ် တို.မှာ အိမ် မ ကျပ် ပေ နဲ. လူ ကြပ် နေ ပါတယ်။ တစ် အိမ် လုံး မှာ နှစ် ယောက် ထဲံ နေြ့ပီး အိပ် တဲ. အ ခါ ကျ တော. ကျပ် ကျပ် သတ်သတ် လေး တိုး ခွေ. အိပ် ရ ပါတယ်။ အိမ် ထောင် ဦး ဆိုရင် လဲ အ ကောင်းသား ။ အခု တော. ကြား လေ သွေး ဝေး တယ် လို. ထင် ရ မဲ. အချိန် လဲ မ ဟုတ် တော. အ ခက် သား။ အသက် ကြီး လာ တော. လူ တွေက လဲ size တွေက ကြီး လာ ပြန် တော. အ တော် ကြပ် ပါတယ်။ သူ က တော. အောက် ဆင်း အိပ် ဘို. တော. စိတ် ကူး မရှိ ပါဘူး။ ကိုယ် ဘဲ ကဒီး ကဒီး အောက် ဆင်း အိပ် ရ ပါ တယ်။ ပြီး တော. ကိုယ်. အနား ကို လည်း ကပ် ကပ် ပြီး အိပ် သေး တယ်. မင်း က ဘယ် လိုလဲ ကွာ. ငါ.နား ကပ် ကပ် အိပ် နေ တာ ဘာ ဖြစ် လို. လဲ. ကိုယ်. ကို သိပ် ချစ် လို. လား မေး တော. သူ အောက် ကို ပြုတ် ကျ မှာ စိုး လို.ပ့ါ လို. ကိုယ်. ကို ဖြေ ရှင်းပေး ပါတယ်။

11 comments:

စိုးထက် - Soe Htet ! said...

ဗျို့ ဘုရင် ကြီးနဲ့ ဘုရင်မကြီး .... လာနှုတ်ဆက်တာ ... ကျွန်တော် က လိမ့်ကျမှာ မကြောက် ဖူး ဗျ :)

ရွှန်းမီ said...

Cheers to the King and Queen!
:D
ဘယ့်နှယ် Queen နဲ့ King က တစ်ခန်းထဲ ၀င်မဆန့်တာတုန်း? :-P

Soe Mya Nandar Thet Lwin (Borros Roxo) said...

ရီလိုက်ရတာ အမရေ..

ကျေးဇူးနော်။ :)

Dr. Yi Yi Win said...

အစ်မရေ…မရောက်ဖြစ်တာကြာသွားလို့  ပို့ စ်တွေပြန်လာဖတ်တာ။
အိမ်မှာတော့ ကလေး၂ယောက်နဲ့ ကျွန်မနဲ့ ကုတင်ပြည့်သွားပြီ။ ကျန်တဲ့လူ ကြည့်ကျက်
အိပ်ပေတော့ပဲ…ဟိ

Andy Myint said...

ကျွန်တော်တို့ မိသားစုကတော့ Extension ထိုးထားတယ်။ တစ်ယောက်အိပ် တစ်လုံး ထပ်ကပ်ထားရတယ်။ : ) နောက်တစ်ယောက် ထွက်လာရင်တော့ ဘယ်လို နေရမယ် မသိသေးဘူး။ : (

Anonymous said...

အဟိ ။ ပြုတ်ကျမှာစိုးလို့တဲ့လား ။ တယ် honest ဖြစ်ကြတာကိုး အဟိ ။

ရယ်ရတယ် အမရေး)

ဒီဇင်ဘာနှင်း said...

အစ်မရေ နှင်းဆိုရင်တော့ ဒုက္ခပဲ Queen and King ဆိုရင်တော့ နှင်းတယောက်ထပြဲရမှာ :P

kay said...

အဟား..စလုံးက..၂ ယောက် ဘ၀ တွေကို..တကယ် သတိ ရ လာ ပီ။ အကုန်လျှောက်ဖတ်သွားတယ်.. အင်း..ရန်ကုန် ခဏခဏ ပြန်တာ ..သတိ ထားနော်..
:)
ခင်မင်လျက်...

Anonymous said...

ဆိုးပ ဆိုးပ ဟီဟိ .. မျက်စိရှက်လိုက်တာနော် .. ဟိုသီချင်းလိုပေါ့ .. " ကဲကိုကဲ သည်းကိုသည်းတယ် အမြဲလိုပဲ .." ဆိုတာလေ ။။။ မကြီး kom ကိုများ စောင်းဆိုထားတာလား မသိ :D

:P said...

ဒီတစ်ပုဒ်က တကယ် အသစ် တစ်ခါမှ ဖတ်ဖူးသေးဘူး...

Steve Evergreen said...

ဆန်းကျယ်လိုက်တာ